Samsung နောက်ထုတ်မယ့် Galaxy Watch အတွက် တိုက်တေနီယမ် မော်ဒယ်ထွက်မည်

Samsung ဟာ စွမ်းဆောင်ရည်မြင့် တန်ဖိုးကြီး စမတ်နာရီကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပြီး နောက်ထုတ်မယ့် Galaxy Watch အတွက် တိုက်တေနီယမ် မော်ဒယ်ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ Galaxy Watch ရဲ့ မျိုးဆက်သစ်မှာ တိုက်တေနီယမ် မော်ဒယ် ပါလာနိုင်ပြီး ဈေး အရမ်းကို ကြီးမှာပါလို့ SamMobile က သတင်းပေးထားပါတယ်။

တိုက်တေနီယမ်ဟာ ကြည့်ရတာ အရမ်း လှပပြီး အရမ်းကို အကြမ်းခံပါတယ်။ အကြမ်းခံပေမယ့် အလေးချိန်များမယ်လို့ မထင်ပါနဲ့။ အရမ်းကို ပေါ့ပါးပါတယ်။ Samsung ဟာ Apple ရဲ့ တိုက်တေနီယမ် Apple Watch ကို လိုက်ဖိုက်ချင်တဲ့ပုံပေါ်ပါတယ်။

အရင်သတင်းတွေအရ Samsung စမတ်နာရီ အသစ်မှာ 8GB Internal Storage နဲ့ 330mAh ဘက်ထရီ ပါလာမှာ ဖြစ်ပါတယ်။ Samsung က Physical Rotating Bezel ကို ပြန်သုံးထားနိုင်ပြီး မကြာခင်မှာ အဲဒီ စမတ်နာရီရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: