Facebook က Page ကနေ ဈေးရောင်းနိုင်တဲ့ Shops ကို မိတ်ဆက်

Facebook က Shops ဝန်ဆောင်မှုကို ဖြန့်ချိပေးလိုက်ပြီး Facebook နဲ့ Instagram Pages တွေကို ဒစ်ဂျစ်တယ် စတိုးအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းငယ်တွေအတွက် ရည်ရွယ် ပြုလုပ်ပေးလိုက်တာပါ။ CEO Mark Zuckerberg က အဲဒီ ဝန်ဆောင်မှုကို Livestream ကနေ ကြေညာလိုက်တာ ဖြစ်ပြီး လုပ်ငန်းငယ်တွေရဲ့ Page or Profile မှာ Shop ကို အသုံးချနိုင်မှာပါ။


Facebook Shop ကို ဖန်တီးရတာ အရမ်းကို လွယ်ကူပါတယ်။ စီးပွားရေး လုပ်ငန်းတွေက သူတို့ ရောင်းချမယ့် ထုတ်ကုန်တွေကို ရွေးချယ်နိုင်ပြီး သူတို့ Brand ကို ပုံဖော်နိုင်တဲ့ Cover Image ကို ရွေးချယ်နိုင်မှာပါ။ Facebook မှာ စားသုံးသူတွေနဲ့ ချိတ်ဆက်ရတာ ပိုလွယ်ကူလာပြီး ဈေးရောင်းရတာ ပိုအဆင်ပြေလာမှာပါ။

Instagram ကလည်း ဈေးရောင်းနိုင်တဲ့ ဝန်ဆောင်မှုကို ပံ့ပိုးပေးထားပြီး ဒီနွေရာသီမှာ Shopping Tab ကို ထည့်သွင်းပေးခဲ့ပါတယ်။ Facebook က သူပိုင်တဲ့ WhatsApp, Messenger နဲ့ Instagram Direct တို့ကနေ ဈေးရောင်းလို့ အဆင်ပြေအောင် ပြုလုပ်ပေးထားပါတယ်။

Facebook က ကိုရိုနာဗိုင်းရက်စ်ကြောင့် Lockdown ဖြစ်နေတဲ့ ကာလမှာ အွန်လိုင်းကနေ ဈေးရောင်းလို့ရအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ Facebook က Shops ကို စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပြီး လာမယ့် လအနည်းငယ်အတွင်းမှာ ကမ္ဘာအဝန်းမှာ သုံးနိုင်မှာပါ။

Ref : tnw

%d bloggers like this: