Honor X Series အလုံးရေ သန်း ၈၀ ကျော် ရောင်းချထားပြီးပြီ

Honor က X10 5G ကို မနေ့ကပဲ ပူပူနွေးနွေး ကြေညာထားပါတယ်။ သူဟာ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပြီး သူ့ကို မိတ်ဆက်ပွဲမှာ Honor ရဲ့ ဥက္ကဌ ဖြစ်သူ George Zhao က Honor X Series စမတ်ဖုန်း အလုံးရေ သန်း ၈၀ ကျော် ရောင်းချထားပြီးပြီလို့ ပြောပါတယ်။ Honor X Series ရဲ့ ပထမဆုံး ဖုန်း အနေနဲ့ ၂၀၁၃ ခုနှစ်မှာ Honor 3X G750 ကို စတင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Honor X Series ဟာ စွမ်းဆောင်ရည်ကောင်းပြီး ဈေးချိုသာပါတယ်။ ဥရောပနဲ့ တရုတ်မှာ လူကြိုက်အရမ်းများပြီး မကြာခင်က ရောင်းချခဲ့တဲ့ Honor 8X နဲ့ 9X တို့ဟာ လူကြိုက်အရမ်းများပါတယ်။ Honor 8X ၁ လုံးထဲနဲ့တင် အလုံးရေ ၁၅ သန်းကျော် ရောင်းချထားနိုင်ခဲ့ပါတယ်။

Honor X10 5G ဟာ တန်ဖိုးအနည်းဆုံး 5G ဖုန်း ဖြစ်ပြီး ယွမ် ၁၈၉၉ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၃ သိန်း ၇ သောင်းလောက်ပဲရှိပြီး 5G Frequency တော်တော်များများကို ထောက်ပံ့တဲ့အတွက် မကြာခင်မှာ X Series ဟာ အလုံးရေ သန်း ၁၀၀ ကျော်သွားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: