Samsung Galaxy Note20 Series အတွက် 100x Space Zoom ရမှာ မဟုတ်

Samsung Galaxy Note20 Series မှာ Galaxy S20 Ultra မှာလို 100x Zoom ပါမှာ မဟုတ်ဘူးလို့ သတင်းထွက်လာပါတယ်။ 100x Zoom ဟာ အရမ်း လန်းတဲ့ ကင်မရာ လုပ်ဆောင်ချက် ဖြစ်ပြီး တခြား စမတ်ဖုန်းတွေမှာ မပါသေးပါဘူး။


Samsung က Snapdragon 865 ကို ကောင်းကောင်း ယှဉ်နိုင်တဲ့ Exynos 992 ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပြီး Galaxy Note20 Series တွေမှာ သုံးမှာပါ။ အဲဒီ အကြမ်းစားဖုန်းတွေကို ဩဂုတ်လမှာ ကြေညာနိုင်ပြီး 992 ကို Samsung ရဲ့ 6nm Manufacturing Process အသစ်ပေါ်မှာ တည်ဆောက်ထားမှာပါ။

တောင်ကိုရီးယား၊ အမေရိကန်နဲ့ တရုတ် ပြင်ပမှာ ရောင်းတဲ့ Galaxy S20 Series တွေမှာ Exynos 990 ကို သုံးခဲ့ပါတယ်။ Exynos 990 ဟာ Snapdragon Version တွေထက် စွမ်းအင်စားသုံးမှု များတယ်ဆိုပြီး သုံးစွဲသူတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အရင်နှစ်က ကြေညာခဲ့တဲ့ Samsung Galaxy Note10 မှာ 3,500mAh ဘက်ထရီပဲပါလာပါတယ်။ Galaxy Club က ထွက်လာတဲ့ သတင်းအရ သူ့ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ Note20 မှာ ပိုကြီးတဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Galaxy Note20 Series ရဲ့ သတင်းတွေ လက်ရှိမှာ များများစားစား မထွက်သေးပါဘူး။ Plus ရဲ့ 5G Version ကို ဒီလ အစောပိုင်းက Geekbench မှာ တွေ့လာရပြီး Specs တချို့ကို သိလာရပါတယ်။ သူ့မှာ Android 10 , 8GB RAM နဲ့ Snapdragon 865+ SoC တွေ ပါလာနိုင်ပါတယ်။ Galaxy Note20 Series ကို ဩဂုတ်လမှာ ကြေညာနိုင်ပြီး မိတ်ဆက်ပွဲကို အွန်လိုင်းကနေပဲ ပြုလုပ်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: