7250mAh ဘက်ထရီ ပါတဲ့ Honor Tablet V6 ကို ကြေညာ

Honor က တရုတ်မှာ တက်ဘလက် အသစ် ၁ လုံးကို ကြေညာလိုက်ပြီး Honor Tablet V6 လို့ နာမည်ပေးထားပါတယ်။ Honor ရဲ့ ပထမဆုံး 5G တက်ဘလက် ဖြစ်ပြီး Kirin 985 SoC မောင်းနှင်ထားပါတယ်။ ၁၀.၄ လက်မ IPS မျက်နှာပြင်ပါလာပြီး 2000x1200p Resolution ရှိပါတယ်။ Android 10 အခြေပြု Magic UI 3.1 မောင်းနှင်ထားပါတယ်။ Magic Pencil Stylus ထောက်ပံ့ထားပြီး စာရေးတာ ၊ ပုံဆွဲတာတွေ ပြုလုပ်နိုင်ပါတယ်။

အနောက်ဘက်မှာ 13MP နဲ့ အရှေ့ဘက်မှာ 8MP ကင်မရာတွေ ပါပါတယ်။ WiFi 6 , Bluetooth 5.1 နဲ့ 7250mAh ဘက်ထရီ ပါပါတယ်။

HONOR Tablet V6 specifications
• 10.4-inch (2000 x 1200 pixel) WUXGA+225 PPI IPS display
• Kirin 985 5G (2 x Cortex-A76 Based 2.56 GHz + 2 x Cortex-A76 Based 2.40 GHz + 4 x Cortex-A55 1.84 GHz) processor with ARM Mali-G77 GPU, Big Core + Tiny Core NPUs (Neural-network Processing Unit)
• 6GB RAM with 64GB / 128GB storage, expandable memory up to 512GB with microSD
• Android 10 with Magic UI 3.1
• 13MP rear camera with f/1.8 aperture, LED flash
• 8MP front-facing camera with f/2.2 aperture
• Dimensions: 154.9 x 245.2 x 7.8mm ; Weight:480g
• Quad speakers, four microphones
• 5G SA/NSA (Optional) Wi-Fi 802.11 ax (2.4GHz/5GHz), Bluetooth 5.1, GPS, GLONASS, USB 2.0 Type-C
• 7250mAh (typical) / 7150mAh (minimum) battery

အညို၊ အစိမ်းနဲ့ အနက်ရောင်တွေ ထုတ်လုပ်ထားပြီး နောက်လမှာ ရောင်းမှာပါ။ WiFi နဲ့ 5G Version တွေ ရွေးချယ်နိုင်မှာ ဖြစ်ပြီး နောက်လကျမှ ဈေးတွေ သိရမှာပါ။

Ref : fonearena

%d bloggers like this: