Google Meet ကို Download ပြုလုပ်တဲ့ အကြိမ်အရေအတွက် သန်း ၅၀ ကျော်ပြီ

ကိုရိုနာဗိုင်းရက်စ်ကြောင့် လူတွေ နေအိမ်မှာပဲ နေနေကြတဲ့အတွက် အင်တာနက် ဆက်သွယ်ရေး ကိရိယာတွေကို အသုံးပြုမှု အရမ်းများလာပါတယ်။ အဲဒီထဲမှာ Zoom က နာမည်တော်တော်ကြီးလာပြီး လူတွေသာမက စီးပွားရေးလုပ်ငန်းတွေမှာပါ သုံးလာကြပါတယ်။ Google ကလည်း အားကျမခံ Meet ကို ဒီလ အစောပိုင်းက အခမဲ့ ပံ့ပိုးပေးခဲ့ပြီး အခုတော့ Google Meet ကို Download ပြုလုပ်တဲ့ အကြိမ်အရေအတွက် သန်း ၅၀ ကျော်သွားပါပြီ။

Google Meet ဟာ မတ်လကတည်းက နာမည်အရမ်းကြီးလာတာ ဖြစ်ပါတယ်။ မတ်လ အစပိုင်းမှာ အင်စတော ပြုလုပ်မှု ၅ သန်းကျော်ခဲ့ပြီး ရက် ၂၀ အကြာမှာပဲ ၁၀ သန်းအထိ ခုန်တက်ခဲ့ပါတယ်။ အခုတော့ သန်း ၅၀ တောင်ကျော်သွားခဲ့ပါပြီ။ အရင်ကတော့ GSuite သုံးစွဲသူတွေပဲ အခမဲ့အသုံးပြုနိုင်ခဲ့တာ ဖြစ်ပြီး အခုတော့ လူတိုင်း အခမဲ့ အသုံးပြုနိုင်ပါတယ်။

Google Meet မှာ အလန်းစား လုပ်ဆောင်ချက်တွေ ပါသလို Zoom ထက် လုံခြုံမှု ပိုကောင်းတဲ့အတွက် အခုလို လူကြိုက်အရမ်းများလာတာပါ။

Ref : androidpolice

%d bloggers like this: