Apple က NextVR Company ကို ဝယ်ယူ

Apple က Virtual Reality Company NextVR ကို ဝယ်ယူလိုက်ပြီလို့ အတည်ပြုလိုက်ပါတယ်။ NextVR ဟာ PlayStation , Oculus , HTC , Microsoft နဲ့ Lenovo Headsets တွေကနေ Live Events တွေကို VR နဲ့ ကြည့်ရှု ခံစားနိုင်အောင် လက်ရှိမှာ ပြုလုပ်ပေးနေပါတယ်။ NextVR က လမ်းကြောင်း အသစ်တစ်ခုကို သွားနေပြီး ကမ္ဘာအဝန်းက ပါတနာတွေနဲ့ Fans တွေကို ကျေးဇူးတင်ကြောင်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ အရင်က NextVR ဟာ CNN , NBA နဲ့ NASCAR တို့နဲ့ ပူးပေါင်းပြီး အားကစား ပြိုင်ပွဲတွေကို VR နဲ့ ကြည့်ရှုခံစားနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။

NextVR ဟာ အားကစား ပြိုင်ပွဲလို အချိန်ကြာမြင့်တဲ့ အရာတွေကို ရုပ်မြင်သံကြား အရည်အသွေး အတိုင်း VR နဲ့ ကြည့်ရှုခံစားနိုင်အောင် ပြုလုပ်ပေးနေပါတယ်။ ၂၀၀၉ ခုနှစ်မှာ ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး VR Content တွေကို ပြသဖို့ Patent ၂၆ ခုကို မှတ်ပုံတင်ထားခဲ့နိုင်ပါတယ်။

Apple က NextVR ကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဝယ်ယူခဲ့တာလို့ သတင်းထွက်နေပြီး Apple က ဝယ်လိုက်တဲ့ ငွေ ပမာဏကို ပြောလေ့ မရှိပါဘူး။ NextVR နဲ့ Apple တို့ဟာ ဝန်ထမ်းတွေကို အသိပေးထားပြီးပြီ ဖြစ်ပြီး NextVR ရဲ့ San Diego က ဝန်ထမ်းတွေဟာ Cupertino ကို ပြောင်းရွှေ့အလုပ်လုပ်ကြမှာပါ။

Ref : fonearena

%d bloggers like this: