Xiaomi Redmi Note 9 ကို အိန္ဒိယမှာ ရောင်းတော့မည်

Xiaomi က Redmi Note 9 ကို WiFi Alliance မှာ မှတ်ပုံတင်လိုက်တဲ့အတွက် အိန္ဒိယမှာ ရောင်းတော့မယ်လို့ ထင်ပါတယ်။ အိန္ဒိယ ရောင်းဈေးကို မသိရသေးပေမယ့် နိုင်ငံတကာမှာ 3/64GB ကို ၁၉၉ ဒေါ်လာနဲ့ 4/128GB ကို ၂၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၂ သိန်း ၇ သောင်းနဲ့ ၃ သိန်း ၄ သောင်းလောက်ပဲရှိပါတယ်။

Xiaomi က နိုင်ငံတကာ ဈေးကွက်အတွက် Redmi Note 9 ကို ပြီးခဲ့တဲ့ လက ကြေညာလိုက်ပါတယ်။ သူ့မှာ ၆.၅၃ လက်မ Full HD+ LCD မျက်နှာပြင် ပါလာပြီး Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ MediaTek Helio G85 8nm SoC ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အနောက်ဘက်မှာ 48MP Main, 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 13MP Punch Hole ကင်မရာ ထည့်ထားပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာပြီး 18W Fast Charging ထောက်ပံ့တဲ့ 5,020mAh ဘက်ထရီ ထည့်ထားပါတယ်။

Redmi Note 9 specifications

• 6.53-inch (2340 × 1080 pixels) Full HD+ display with 450nit(typ) brightness, Corning Gorilla Glass 5 protection
• Octa Core MediaTek Helio G80 12nm processor (Dual 2GHz Cortex-A75 + Hexa 2GHz 6x Cortex-A55 CPUs) with up to 1000MHz ARM Mali-G52 2EEMC2 GPU
• 3GB LPPDDR4x RAM with 64GB (eMMC 5.1) / 4GB LPPDDR4x RAM with 128GB (eMMC 5.1) storage, expandable memory up to 512GB with microSD
• Dual SIM
• Android 10 with MIUI 11
• 48MP rear cameras with Samsung GM1 sensor, f/1.79 aperture, PDAF, EIS, 0.8μm pixel size, LED flash, EIS, 8MP 118° ultra-wide angle lens with f/2.2 aperture, 2MP macro lens and 2MP depth sensor with f/2.4 aperture
• 13MP front camera with f/2.25 aperture
• Fingerprint sensor, IR sensor
• 3.5mm audio jack, FM Radio
• Splash resistant (P2i coating)
• Dimensions: 162.38×77.2×8.95mm; Weight: 199g
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, NFC (optional) USB Type-C
• 5020mAh (typical) / 4920mAh (minimum) battery with 18W fast charging

Forest Green , Polar White နဲ့ Midnight Grey ၃ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : fonearena

%d bloggers like this: