Facebook က Giphy ကို ဒေါ်လာ သန်း ၄၀၀ နဲ့ ဝယ်ယူ

Facebook က နာမည်ကျော် GIF မျှဝေတဲ့ Website ဖြစ်တဲ့ Giphy ကို ဝယ်ယူလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ ဒေါ်လာ သန်း ၄၀၀ နဲ့ ဝယ်ယူလိုက်တာ ဖြစ်ပြီး Facebook က သူပိုင်တဲ့ ဝန်ဆောင်မှုတွေမှာ Giphy Library ကို ထည့်သွင်း အသုံးပြုမှာ ဖြစ်ပါတယ်။

Giphy ကို ဝယ်ယူလိုက်တာဟာ GIF တွေ မျှဝေဖို့ ဖြစ်ပြီး Editing လုပ်ဖို့အတွက် Facebook , Messenger , WhatsApp နဲ့ Instagram တို့မှာ ထည့်ပေးထားပြီး ဖြစ်ပါတယ်။ Facebook က Giphy GIF တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ Facebook ဝန်ဆောင်မှုတွေကနေ မျှဝေနေကြတာလို့ ပြောပါတယ်။

Giphy ဟာ Instagram အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာ ဖြစ်ပြီး Stories နဲ့ Private Messages တွေမှာ GIF တွေ မျှဝေရတာ ပိုဂွတ်လာမှာ ဖြစ်ပါတယ်။ Giphy Users တွေအတွက်လည်း ဆက်လက် အသုံးပြုလို့ရနေမှာပါ။ Giphy Website ကို ဆက်လက် ဖွင့်လှစ်ထားမှာပါ။

Ref : gsmarena

%d bloggers like this: