Honor X10 ရဲ့ Live ဓါတ်ပုံတွေ ထွက်ပေါ်လာ

Honor X10 ကို မေလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ရက်အနည်းငယ် အလိုမှာ သူ့ရဲ့ Live ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အပြာ ၊ လိမ္မော်နဲ့ အနက်ရောင်တွေ ဖြစ်ပြီး အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားနိုင်ပါတယ်။ အနောက်ကင်မရာ ၃ လုံးကို ဘယ်ဘက်အထက်နားက လေးထောင့်ကွက်မှာ ထည့်သွင်းထားပြီး LED Flash ၁ လုံးလည်း ပါပါတယ်။ “Super Night Vision” စာသားကို ရေးထွင်းထားပါတယ်။

ကင်မရာတွေရဲ့ အောက်မှာ AI Logo ပါလာပြီး RYYB Filter Main ကင်မရာ ပါလာမယ်ဆိုတာ အတည်ပြုထားပါတယ်။ အရင် သတင်းတွေအရ အနောက်ဘက်မှာ 40MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါလာမှာပါ။ အရှေ့ဘက်မှာ 16MP Pop Up ကင်မရာ ပါလာမှာပါ။

အရင်သတင်းတွေအရ Kirin 820 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 128GB or 256GB Storage ထည့်ထားမှာပါ။ ၆.၆၃ လက်မ FHD+ LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 4200mAh ဘက်ထရီနဲ့ 22.5W Fast Charge ထည့်ထားမှာပါ။ 128GB ကို ၂၃၉၉ ယွမ်နဲ့ 256GB ကို ၂၆၉၉ ယွမ် သတ်မှတ်ထားမှာပါ။ Dual-mode 5G ပါလာမှာ ဖြစ်ပြီး မေလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

ကုမ္ပဏီက မေလ ၂၀ ရက်နေ့မှာ Pro Version ကိုပါ ချပြနိုင်ပြီး 90Hz မျက်နှာပြင်၊ 8MP SuperZoom ကင်မရာ (5x Optical Zoom) နဲ့ 20W Wireless Charging တွေ ပါမယ်လို့ သတင်းထွက်နေပါတယ်။ ကျန်တဲ့ Specs တွေက ရိုးရိုး X10 နဲ့ တူနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: