5G ပါတဲ့ Redmi Note 10 လာမည်

Redmi Note 10 ဟာ 5G ပါတဲ့ ပထမဆုံး Note Series ဖြစ်လာမှာပါ။ TENAA မှာ မှတ်ပုံတင်ထားတဲ့ စာရင်းအရ သူ့မှာ ၆.၅၇ လက်မ OLED 1080x2400p မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။ Punch Hole မပါဘဲ အရွယ်သေး Notch ကို သုံးထားပြီး 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 48MP Main ကင်မရာ ပါလာမှာ ဖြစ်ပြီး စုစုပေါင်း အနောက်ကင်မရာ ၃ လုံးပဲ ထည့်ထားမှာပါ။

4,420mAh ဘက်ထရီ ပါလာမှာ ဖြစ်ပြီး Note 9 ရဲ့ 5,020mAh ဘက်ထရီထက်နည်းသွားမှာပါ။ 22.5W Charging ထည့်ထားပြီး TENAA မှာ Chipset ကို မပြောထားပါဘူး။ တခြားကထွက်ပေါ်နေတဲ့ သတင်းအရ MediaTek Dimensity 820 ပါလာမှာပါ။ Redmi Note 9 မှာ Helio G85 , Note 9S နဲ့ 9 Pro မှာ Snapdragon 720G တွေ ထည့်ထားတာပါ။

6GB RAM နဲ့ 64GB Storage ကနေ 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်သလို microSD Card စိုက်နိုင်မှာပါ။ Redmi Note 9 ကို ရောင်းပေးထားတာ လအနည်းငယ်ကြာပြီ ဖြစ်ပြီး တချို့နိုင်ငံတွေမှာ ဝယ်လို့ မရသေးပါဘူး။ Redmi Note Series တွေဟာ ရောင်းအား အရမ်းကောင်းကြပြီး အရင်နှစ်ထုတ် Redmi Note 8 ဟာ ဒီနှစ် ကွာတား ၁ မှာ ရောင်းအား အကောင်းဆုံး ဖုန်း စာရင်း ဝင်ခဲ့ပြီး အလုံးရေ သန်း ၃၀ ရောင်းချနိုင်ခဲ့ပါတယ်။

Ref : gsmarena

%d bloggers like this: