GTA V ကို မေလ ၂၁ ရက်နေ့ မတိုင်ခင်အထိ ပီစီမှာ အခမဲ့ Download လုပ်နိုင်ပြီ

Grand Theft Auto ရဲ့ နံပါတ် ၅ မျိုးဆက် သက်တမ်းဟာ ၇ နှစ်ရှိပြီ ဖြစ်ပေမယ့် ရေပန်းစား လူကြိုက်များနေဆဲပါ။ အခုတော့ ကိုရိုနာဗိုင်းရက်စ်ကြောင့် အိမ်မှာ ခြေချုပ်ကျနေတဲ့ Gamer တွေအတွက် ဝမ်းသာစရာ သတင်းထွက်လာပါတယ်။ ကုမ္ပဏီက Epic Games Store မှာ မေလ ၂၁ ရက်နေ့ မတိုင်ခင်အထိ ပီစီအတွက် အခမဲ့ Download လုပ်ခွင့်ပေးလိုက်ပါတယ်။

လူတွေ အရမ်းကို Download လုပ်ကြတဲ့အတွက် Epic Games Store ဟာ မနေ့ညက နာရီများစွာကြာ Down သွားခဲ့ပါတယ်။ အခမဲ့ပေးတာဟာ ပရီမီယမ် ဗားရှင်း ဖြစ်တဲ့အတွက် GTA Online နဲ့ Multiplayer အတွက် Criminal Enterprise Starter Pack တွေ ပါပါတယ်။

ဖိုင်အရွယ်အစားက 390MB လောက်ရှိပါတယ်။ ပုံမှန်ဆိုရင်တော့ ၂၅ ဒေါ်လာနဲ့ ရောင်းတာ ဖြစ်တဲ့အတွက် အောက်က လင့်မှာ မြန်မြန်လေး အခမဲ့ သွားယူလိုက်ပါ။

Download

Ref : tnw

%d bloggers like this: