Samsung Galaxy Z Flip 5G ကို ဒုတိယနှစ်ဝက်မှာ ရောင်းနိုင်

ဒီနှစ် အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Samsung Galaxy Z Flip ရဲ့ ခေါက်ချိုး ဒီဇိုင်းဟာ အရမ်းကို လှပတဲ့အတွက် လူတွေ အရမ်းကြိုက်ခဲ့ကြပါတယ်။ အခုတော့ 5G Version ကို မကြာခင် ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ လက်ရှိ 4G Version အတွက် Pandora Purple, Cyber Black, Sahara Gold နဲ့ Gray အရောင် ၄ မျိုးထုတ်လုပ်ထားပါတယ်။

လက်ရှိရောင်းချထားတဲ့ Galaxy Z Flip မှာ 4G ပဲပါပြီး Snapdragon 855 Plus မောင်းနှင်ထားပါတယ်။ 5G Version မှာ ပါလာမယ့် Chip ကို မသိရသေးပါဘူး။ 5G Chip အသစ်တွေကို ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်မှာ ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။ Galaxy Z Flip 5G မှာ 128GB or 512GB Storage တွေ ပါလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Sam Mobile က အဲဒီဖုန်းကို 5G ဆက်သွယ်မှုရတဲ့ နိုင်ငံတွေမှာ ရောင်းချမယ်လို့ ပြောတဲ့အတွက် တရုတ်လည်း ပါဝင်လာမှာပါ။ Huawei Mate X Series တွေရဲ့ ပြိုင်ဖက် ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ Huawei ရဲ့ ခေါက်ချိုးဖုန်း ဒီဇိုင်းတွေဟာ ရင်ခုန်စရာ သိပ်မကောင်းပါဘူး။

Ref : gizchina

%d bloggers like this: