အိန္ဒိယမှာ SD865 , 108MP ကင်မရာ ပါတဲ့ Motorola Edge+ ကို မေလ ၁၉ ရက်နေ့မှာ ကြေညာမည်

Motorola က 5G ပါတဲ့ Edge+ ကို ဧပြီလက ကြေညာလိုက်ပါတယ်။ မကြာခင်က အမေရိကန်မှာ ရောင်းပေးခဲ့ပြီး အခုတော့ အိန္ဒိယမှာ ဝယ်ယူနိုင်တော့မှာပါ။ မေလ ၁၉ ရက်နေ့မှာ Flipkart ကနေ ကြေညာပေးမှာ ဖြစ်ပြီး ဈေးကို မသိရသေးပါဘူး။

မျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာဘက်ဟာ ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပြီး Waterfall Screen ဖြစ်ပါတယ်။ သူ့မှာ ၆.၇ လက်မ HDR10+ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ FullHD+ အရည်အသွေးရှိပြီး 25MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

အနောက်ဘက်မှာ 108MP Main ကင်မရာ ပါလာပြီး OIS ထောက်ပံ့ပါတယ်။ 4 in 1 Pixel Binning ကို သုံးပြီး 27MP Photo တွေ ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် 8MP Telephoto (3x Optical Zoom , OIS) , 16MP Ultrawide ကင်မရာ ၂ လုံးနဲ့ အားဖြည့်ထားပါတယ်။ Chipset က 8K ထောက်ပံ့ပေမယ့် 6K Video တွေပဲ ရိုက်ကူးပေးနိုင်တာက ထူးခြားပါတယ်။

SD865 SoC မောင်းနှင်ထားပြီး 12GB LPDDR5 RAM နဲ့ 256GB UFS 3.0 Storage ပါပါတယ်။ 18W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်ထားပြီး ၂ ရက်လောက် ကောင်းကောင်း သုံးနိုင်တယ်လို့ Motorola က ပြောပါတယ်။ ကြိုးမဲ့အားသွင်း နည်းပညာလည်း ပါလာပါတယ်။ Smokey Sangria , Thunder Grey အရောင်တွေ ထုတ်လုပ်ထားပြီး အမေရိကန်မှာ ဒေါ်လာ ၁၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၄ သိန်း ၃ သောင်းလောက် ရှိပါတယ်။

Motorola Edge+ specifications

• 6.7-inch (2340 × 1080 pixels) Full HD+ OLED 19.5:9 aspect ratio HDR10 + display with 90Hz refresh rate, Corning Gorilla Glass 5 protection
• Octa Core (1 x 2.84GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 12GB LPPDDR5 RAM with 256GB UFS 3.0 storage
• Dual SIM (nano + nano)
• Android 10
• 108MP rear camera with 1/ 1.33″ Samsung sensor, 0.8μm pixel size, f/1.8 aperture, OIS, Laser autofocus, 16MP 117° ultra-wide angle lens with f/2.2 aperture, macro mode, 8MP telephoto lens with OIS for 3x optical zoom, f/2.4 aperture, 6k at 30fps, 4k 60fps
• 25MP front-facing camera with 0.9µm, f/2.0 aperture
• In-display fingerprint sensor
• 3.5mm headset jack, Dual stereo speakers tuned by Waves
• Water-repellent
• Dimensions:161.07 x 71.38 x 9.6mm; Weight: 203g
• 5G SA/NSA Dual 4G VoLTE, Wi-Fi 6 802.11 ax (2.4GHz + 5GHz), Bluetooth 5.1, GPS, GLONASS, Galileo, NFC, USB Type-C
• 5000mAh battery with 18W wired and 15W wireless fast charging, 5W wireless reverse charging

Ref : gsmarena

%d bloggers like this: