Honor X10 ရဲ့ Night Mode ဓါတ်ပုံတွေ ထွက်လာပြီ

Honor X10 မှာ 90Hz Refresh Rate နဲ့ 180Hz Touch-sensing Digitizer ပါမယ်လို့ မနေ့ကပဲ အတည်ပြုလိုက်ပါတယ်။ အခုတော့ Honor က သူနဲ့ ရိုက်ထားတဲ့ Night Mode ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး ဖုန်းရဲ့ Low-light စွမ်းရည်တွေကို ပြသထားပါတယ်။ နံနက် ၂ နာရီလောက်မှာ ပင်လယ်ရေမျက်နှာပြင်ရဲ့ အထက် ၅၂၀၀ မီတာက ဧဝရတ်တောင်မှာ ဓါတ်ပုံ ရိုက်ကူးထားတာ ဖြစ်ပြီး အဲဒီ အချိန်မှာတောင် အသေးစိတ်ကျတဲ့ ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ပါတယ်။ ဓါတ်ပုံတွေဟာ သဘာဝကျတာက တော်တော်မိုက်ပါတယ်။

အနောက်ဘက်မှာ 40MP , 8MP , 2MP ကင်မရာပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Kirin 820 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 128GB or 256GB Storage ထည့်ထားမှာပါ။ ၆.၆၃ လက်မ FHD+ LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 4200mAh ဘက်ထရီနဲ့ 22.5W Fast Charge ထည့်ထားမှာပါ။ 128GB ကို ၂၃၉၉ ယွမ်နဲ့ 256GB ကို ၂၆၉၉ ယွမ် သတ်မှတ်ထားမှာပါ။ Dual-mode 5G ပါလာမှာ ဖြစ်ပြီး မေလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: