Realme Watch ကို မေလ ၂၅ ရက်နေ့ ကြေညာနိုင်

Realme Watch ရဲ့ သတင်းများစွာ ထွက်ပေါ်ခဲ့ပြီးပါပြီ။ သူ့ရဲ့ Specs နဲ့ Software လုပ်ဆောင်ချက်တွေကိုလည်း သိထားပြီးပါပြီ။ ဒါပေမယ့် သူ့ကို ကြေညာမယ့် နေ့ကို ဘယ်သူမှ မသိခဲ့ကြပါဘူး။ အခုတော့ Realme က Teaser ၁ ခုကို မျှဝေလိုက်ပါတယ်။


Teaser မှာ စမတ်နာရီကို ကြေညာမယ့် နေ့အတိအကျကို မဖော်ပြထားပေမယ့် မကြာခင်လို့ ရေးသားထားပါတယ်။ ကုမ္ပဏီဟာ မေလ ၂၅ ရက်နေ့မှာ ပွဲ ၁ ခုကျင်းပမှာ ဖြစ်ပြီး စမတ်နာရီကို အဲဒီပွဲမှာ ကြေညာနိုင်ပါတယ်။

အဲဒီပွဲမှာ Realme ရဲ့ စမတ်တီဗီ၊ Realme X3, X3 SuperZoom , Wireless Earbuds နဲ့ တခြား Gadgets တွေကိုပါ ချပြမှာ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: