Samsung Galaxy Fold Lite ကို ဒေါ်လာ ၁၁၀၀ လောက်နဲ့ ရောင်းမည်

Samsung က Galaxy Fold 2 ကို Galaxy Fold ထက် ဒေါ်လာ ၁၀၀ လျှော့ပြီး ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ဈေးကတော့ အရမ်းကြီးနေပါသေးတယ်။ အခုတော့ ဈေးချိုတဲ့ Galaxy Fold Lite ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။

သူ့ကို ဒေါ်လာ ၁၁၀၀ နဲ့ ရောင်းချမှာ ဖြစ်ပြီး ဒါဟာ Galaxy S20+ 4G ရဲ့ ဈေးနဲ့ တူပါတယ်။ ကုန်ကျစားရိတ် သက်သာစေဖို့ သူ့မှာ 4G ပဲ ထည့်ထားပါတယ်။ Galaxy S20 Series တွေမှာလို သူ့မှာ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 256GB Storage ပဲ ပါလာမှာ ဖြစ်ပါတယ်။

Galaxy Fold Lite မှာ Ultra Thin Glass (UTG) ပါလာမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ရုပ်ထွက် အရည်အသွေးဟာ Z Flip လောက် ကောင်းမှာ မဟုတ်ပါဘူး။ အပြင်ဘက်မျက်နှာပြင်ဟာလည်း Galaxy Fold ရဲ့ ၄.၆ လက်မ ထက် ပိုသေးငယ်မှာပါ။

ဖုန်း ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး အပြင်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားမှာပါ။ Mirror Black နဲ့ Mirror Purple ၂ ရောင် ထုတ်လုပ်ထားမှာပါ။ 5G ပါတဲ့ Galaxy Z Flip အတွက်လည်း Lite Model ကို ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: