Honor က မေလ ၁၈ ရက်နေ့မှာ လက်ပ်တော့၊ တီဗီနဲ့ ထုတ်ကုန်အသစ်တွေကို ကြေညာမည်

Honor က တရုတ် ပြင်ပမှာ စမတ်ဖုန်း ရောင်းအား ကျနေတဲ့အတွက် Lifestyle ထုတ်ကုန်တွေနဲ့ ဝင်ငွေကောင်းအောင် ကြိုးစားနေပါတယ်။ Fitness Bands , Smartwatch , TWS Earphones နဲ့ Laptop တို့ကို ချပြခဲ့ပြီး ပါပြီ။

အခုလည်း Honor က မေလ ၁၈ ရက်နေ့မှာ လက်ပ်တော့၊ တီဗီနဲ့ ထုတ်ကုန်အသစ်တွေကို ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။ Honor Vision Pro တီဗီ ပါဝင်မှာ ဖြစ်ပြီး Honor ရဲ့ IoT ထုတ်ကုန် အသစ်များစွာ မြင်ရနိုင်ပါတယ်။

Vision Pro အပြင် Honor MagicBook Pro Laptop ကိုနိုင်ငံတကာအတွက် ကြေညာမှာပါ။ သူဟာ MagicBook 14 နဲ့ MagicBook 15.6 တို့ထက် ပိုစွမ်းရည်မြင့်မားပါတယ်။ Core i7 Chip , Nvidia GeForce MX250 GPU ပါတဲ့ Huawei Matebook X Pro ကို ပြင်ဆင်ထားတဲ့ Huawei Matebook D Duo ကိုလည်း မြင်ရနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: