Samsung နဲ့ Huawei တို့ဟာ ကွာတား ၁ ရဲ့ 5G စမတ်ဖုန်း ဈေးကွက်ကို အုပ်စိုးထား

Samsung ဟာ ဒီနှစ် ပထမ ၃ လအတွင်း တစ်ကမ္ဘာလုံးရဲ့ 5G စမတ်ဖုန်း ဈေးကွက်မှာ ရောင်းအား အကောင်းဆုံး ဖြစ်နေတယ်လို့ The Korea Herald က ဖော်ပြထားပါတယ်။ ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၅ ခု စာရင်းမှာ တရုတ် ပြင်ပကဆိုလို့ Samsung ၁ ခုထဲ ပါနေပါတယ်။

Samsung ဟာ ပထမ ၃ လအတွင်းမှာ အလုံးရေ ၈.၃ သန်း ရောင်းချနိုင်ခဲ့ပြီး စုစုပေါင်း ရောင်းအားဟာ ၂၄.၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Samsung ဟာ ဈေးကွက်ဝေစု ၃၄.၁ ရာခိုင်နှုန်း ရထားပါတယ်။

Huawei က ပထမ ၃ လအတွင်းမှာ အလုံးရေ ၈ သန်း ရောင်းချရပြီး နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပါတယ်။ ဈေးကွက်ဝေစု ၃၃.၂ ရာခိုင်နှုန်း ရထားပါတယ်။ Huawei ဟာ အရင်နှစ်တုန်းက 5G ဖုန်း ၆.၉ သန်းရောင်းချခဲ့ရပြီး Samsung ရဲ့ ၆.၇ သန်းထက် မဆိုစလောက် ပိုများခဲ့ပါတယ်။

ဒီနှစ် ပထမ ၃ လအတွင်း 5G ဖုန်း ရောင်းအား အကောင်းဆုံး စာရင်းထဲမှာ Vivo နဲ့ Xiaomi တို့ ပါဝင်ပြီး ၂.၉ သန်းနဲ့ ၂.၅ သန်း အသီးသီး ရောင်းချနိုင်ခဲ့ပါတယ်။ OPPO က ၁.၂ သန်းနဲ့ နံပါတ် ၅ နေရာကို သိမ်းပိုက်ထားပြီး ဈေးကွက်ဝေစု ၅ ရာခိုင်နှုန်း ရထားပါတယ်။ တခြား ကုမ္ပဏီတွေရဲ့ စုစုပေါင်း ရောင်းအားက ၅ ရာခိုင်နှုန်း ရှိပါတယ်။

Ref : gsmarena

%d bloggers like this: