တရုတ် စမတ်ဖုန်းဈေးကွက် ဧပြီလမှာ ပြန်ကောင်းလာ

တရုတ် စမတ်ဖုန်းဈေးကွက်ဟာ ဧပြီလမှာ ပြန်ကောင်းလာပြီး အလုံးရေ ၄၀.၈ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလထက် ၁၄ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ၄၀.၈ သန်းထဲက ၁၆ သန်းဟာ 5G ဖုန်းတွေဖြစ်ပြီး ၄၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရက်စ်ကြောင့် အရင်နှစ်နဲ့ ယှဉ်ရင် ဒီနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်း စမတ်ဖုန်း ရောင်းအား ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဧပြီလမှာ ရောင်းအား ပထမဆုံး ပြန်တက်လာတာ ဖြစ်ပြီး နောက်ပိုင်း ဆက်ကောင်းလာနိုင်ပါတယ်။

အခု စမတ်ဖုန်း ရောင်းအားထဲမှာ Android ရော iPhone ပါ ပါပြီး iPhone ရောင်းအားကို သီးခြား မဖော်ပြထားပါဘူး။ ဇန်နဝါရီလကနေ ဧပြီလအတွင်းမှာ 5G ဖုန်း ရောင်းအား ၃၀.၄ သန်းရှိပြီး တရုတ်မှာ 5G ဖုန်း အသစ် ၆၅ လုံး ရောင်းချခဲ့ပါတယ်။ ဒီပမာဏဟာ ဖုန်းအားလုံးရဲ့ ၃၃.၆ ရာခိုင်နှုန်းရှိတဲ့အတွက် တရုတ်မှာ စုစုပေါင်း ဖုန်း ရောင်းအားရဲ့ ထက်ဝက်နီးပါးဟာ 5G ဖုန်းတွေ ဖြစ်လာပါတယ်။

Ref : gsmarena

%d bloggers like this: