Honor X10 နဲ့ Honor X10 Pro ရဲ့ Specs တွေ ထွက်ပေါ်လာ

Honor က X10 နဲ့ X10 Pro ကို မေလ ၂၀ ရက်နေ့မှာ ကြေညာတော့မှာပါ။ အခုတော့ သူတို့ရဲ့ Specs တွေက် ထွက်ပေါ်လာပါတယ်။ Honor X10 မှာ 2400x1080p Resolution နဲ့ 90Hz Refresh Rate ပါလာမှာပါ။ Kirin 820 Processor မောင်းနှင်ထားပြီး 5G ပါလာမှာပါ။

6GB RAM နဲ့ 64GB or 128GB Storage ထည့်ထားမှာပါ။ 16MP Sony IMX471 ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 40MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါလာမှာပါ။ 4,200mAh ဘက်ထရီနဲ့ 22.5W Fast Charge ထည့်ထားမှာ ဖြစ်ပြီး 64GB ကို ၁၇၉၉ ယွမ် 128GB ကို ၁၉၉၉ ယွမ်နဲ့ ရောင်းမှာပါ။

Honor X10 Pro မှာလည်း 2400x1080p Resolution နဲ့ 90Hz Refresh Rate ထည့်ထားမှာပါ။ မျက်နှာပြင် အရွယ်အစားကို မသိရသေးပါဘူး။ Kirin 820 Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 128GB or 256GB Storage ထည့်ထားမှာပါ။ အနောက်ဘက်မှာ တူညီတဲ့ 40MP , 8MP , 2MP ကင်မရာနဲ့ အရှေ့ဘက်မှာ 2MP ကင်မရာ ပါလာမှာပါ။

4200mAh ဘက်ထရီနဲ့ 22.5W Fast Charge ထည့်ထားမှာ ဖြစ်ပြီး 128GB ကို ၂၃၉၉ ယွမ်နဲ့ 256GB ကို ၂၆၉၉ ယွမ် သတ်မှတ်ထားမှာပါ။

Ref : gizmochina

%d bloggers like this: