iPhone SE 2020 ကို အိန္ဒိယမှာ ရောင်းတော့မည်

အိန္ဒိယမှာ Lockdown လုပ်ထားတဲ့အတွက် စမတ်ဖုန်း ရောင်းချတာကို ရပ်နားထားပါတယ်။ အခုတော့ အစိုးရက ခွင့်ပြုပေးလိုက်ပြီ ဖြစ်တဲ့အတွက် Apple က iPhone SE 2020 ကို ရောင်းပေးတော့မှာပါ။ အဖြူ၊ အနက်နဲ့ အနီရောင်တွေ ထုတ်လုပ်ထားပြီး 64GB, 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ ၄၂,၉၉၉ ၊ ၄၇,၈၀၀ နဲ့ ၅၈,၃၀၀ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၇ သိန်း ၉ သောင်း၊ ၈ သိန်း ၈ သောင်းနဲ့ ၁၀ သိန်း ၇ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

iPhone SE 2020 မှာ iPhone 11 က A13 Bionic Chipset အပါအဝင် အထင်ကြီးစရာ Specs တွေ ပါလာပါတယ်။ Apple က iPhone SE 2020 ရဲ့ ဘက်ထရီဟာ ၁၃ နာရီ ဗီဒီယို ကြည့်နိုင်ပြီး ၈ နာရီ Online Video Streaming လုပ်နိုင်တယ်လို့ ပြောပါတယ်။ ဘူးထဲမှာ 5W Charger ပဲပါပေမယ့် 18W Fast Charging ထောက်ပံ့ပါတယ်။ 18W Charger က နာရီဝက်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပြီး ကြိုးမဲ့အားသွင်းနည်းပညာ ပါပါတယ်။

Apple ရဲ့ ထုံးစံအတိုင်း RAM နဲ့ ဘက်ထရီ ပမာဏကို မကြေညာခဲ့ပါဘူး။ မကြာခင်က China Telecom မှာ အဲဒီ သတင်းအချက်အလက်တွေကို သိလာရပါပြီ။ 3GB RAM နဲ့ 1,812mAh ဘက်ထရီ ထည့်သွင်းထားပြီး iPhone 8 မှာပါတဲ့ ဘက်ထရီ ပမာဏနဲ့ တူပါတယ်။ Apple ဟာ iPhone SE 2020 ကို ကြေညာပြီးနောက်မှာ iPhone 8 Series ရောင်းတာကို ရပ်နားလိုက်ပါတယ်။ iPhone SE 2020 ရဲ့ RAM က iPhone 11 Series ထက် 1GB နည်းပါတယ်။

Ref : gsmarena

%d bloggers like this: