Samsung , Xiaomi , OPPO နဲ့ Vivo တို့က အိန္ဒိယမှာ ကုန်ပစ္စည်း ပြန်ထုတ်တော့မည်

COVID-19 ကြောင့် မတ်လက စပြီး အိန္ဒိယမှာ တစ်နိုင်ငံလုံး Lockdown ချထားပြီး အစိုးရက ကုမ္ပဏီတွေကို ကန့်သတ်ချုပ်ချယ်ထားပါတယ်။ အဲဒီအတွက် Samsung , Xiaomi , OPPO နဲ့ Vivo တို့ဟာ စမတ်ဖုန်း ထုတ်လုပ်တာကို ရပ်နားထားရပါတယ်။ အခုတော့ အစိုးရက ကန့်သတ်ထားတာတွေကို ဖြေလျှော့ပေးလိုက်တဲ့အတွက် ကုမ္ပဏီတွေ အလုပ်ပြန်စတော့မှာပါ။

Samsung India က စမတ်ဖုန်း ပြန်ထုတ်မယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။ Xiaomi ကလည်း ပါတနာ Foxconn က Andhra Pradesh စက်ရုံမှာ လုပ်ငန်း ပြန်စတော့မယ်လို့ ပြောပါတယ်။ OPPO ကလည်း Greater Noida နဲ့ Vivo က သူ့ စက်ရုံတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ပြန်လည်ပတ်တော့မယ်လို့ သတင်းပေးလိုက်ပါတယ်။

Counterpoint Research က အိန္ဒိယမှာ ဧပြီလအတွင်း စမတ်ဖုန်း ထုတ်လုပ်မှု မရှိဘူးလို့ ပြောတဲ့အတွက် အဲဒီလမှာ အိန္ဒိယ စမတ်ဖုန်းဈေးကွက်ဟာ အရမ်းကို ဆိုးရွားခဲ့ပါတယ်။ မေလမှာလည်း စမတ်ဖုန်း ရောင်းအား အရမ်းနည်းမယ်လို့ ခန့်မှန်းထားကြသလို ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ စမတ်ဖုန်း ဈေးကွက် မကောင်းနိုင်ပါဘူး။

Ref : gsmarena

%d bloggers like this: