0 Shares 95 Views

Mobile တွေအတွက် Window 10 Anniversary Update ကို ထုတ်လုပ်ဦးမယ့် Microsoft

Microsoft ဟာ မကြာသေးမီကပဲ Window 10 Anniversary Update ကို PC တွေနဲ့ Tablet တွေအတွက် ဒီအပတ်ထဲမှာ ထုတ်လုပ်ခဲ့ပြီး ယခုအခါမှာတော့ Window စနစ်သုံးဖုန်းတွေအတွက် ထပ်မံ ထုတ်လုပ်ဦးမယ့် အခြေအနေတွေကို တွေ့နေရပါတယ်။ Windows 10 အတွက် Mobile ဗားရှင်းအသစ်မှာ ကြီးမားတဲ့ လုပ်ဆောင်ချက်အသစ်တွေကို ထပ်မံယူဆောင်လာဦးမှာ မဟုတ်ပဲ ဒီ Software အသစ်ကိုတော့ လာမယ့် သြဂုတ်လ ၉ရက်နေ့မှာ ထုတ်လုပ်မှာဖြစ်တယ်လို့ Microsoft ကဆိုပါတယ်။

Window 10 ရဲ့ Mobile Anniversary Update မှာ PC တွေအတွက် ထုတ်လုပ်ခဲ့တဲ့ Software လိုမျိုးပဲ တူညီတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာနိုင်ခြေရှိပါတယ်။ Microsoft ဟာ Window Camera App မှာ Panorama ရိုက်ကူးနိုင်မယ့် Option တစ်ခုကို ထည့်သွင်းထားတာဖြစ်ပါတယ်။

Microsoft ဟာ Skype App အသစ်တစ်ခုကိုလည်း Window 10 Mobile Update မှာ ထည့်သွင်းထားပါတယ်။ ဒါဟာဆို Desktop Version က Window 10 မှာ ရရှိထားတဲ့ Universal Skype App နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Microsoft ဟာ Lock Screen မှာ Media Control စနစ်ကိုလည်း ထည့်သွင်းပေးထားပြီး Fingerprint reader တွေကို ထောက်ပံ့ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးတော့ Microsoft ရဲ့ Wallet App မှာ Contactless Payment စနစ်ကိုလည်း Lumia 650, 950 နဲ့ 950XL ဖုန်းတွေအတွက် ပါဝင်လာမှဖြစ်ပါတယ်။ Cotana အနေနဲ့လည်းစ အရင်လို ပါးပါးလေး လှည့်ကွက်တွေနဲ့ ပြန်လည် ဖြေကြားပေးမှာဖြစ်ပြီး လုပ်ဆောင်ချက်အသစ်မှာတော့ သင့်ရဲ့ဖုန်းကို ရှာဖွေနိုင်ဖို့အတွက် Digital Assistant တစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။ Emoji အသစ်တွေကိုလည်း ထပ်မံထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Ref: The Verge

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Most from this category