Apple က ဇွန်လ ၂၂ ရက်နေ့မှာ WWDC ကို အွန်လိုင်းကနေ ကျင်းပမည်

Apple က မေလမှာ နှစ်စဉ်ကျင်းပနေတဲ့ Worldwide Developers Conference (WWDC) ကို အွန်လိုင်းကနေ ကျင်းပမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နေ့ရက် အတိအကျကို မပြောခဲ့ပါဘူး။ အခုတော့ ဇွန်လ ၂၂ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

WWDC ကို ကိုရိုနာဗိုင်းရက်စ်ကြောင့် အွန်လိုင်းကနေပဲ ကျင်းပတာဖြစ်ပြီး ပထမဆုံး အနေနဲ့ Developers အားလုံးအတွက် အခမဲ့ ဖြစ်ပါတယ်။ Apple Developer App နဲ့ Apple Developer Website တို့ကနေ Live ပြသမှာ ဖြစ်ပါတယ်။

WWDC ကျင်းပမယ့် နေ့ကို ကြေညာတဲ့အပြင် ကျောင်းသားတွေရဲ့ Coding အရည်အသွေးတွေကို Swift Playground မှာ ပြသနိုင်မယ့် ပြိုင်ပွဲကိုပါ Apple က ကြေညာလိုက်ပါတယ်။ Swift Student Challenge ကို စိတ်ဝင်စားသူတွေဟာ မေလ ၁၇ ရက်နေ့ မတိုင်ခင် လျှောက်ထားနိုင်ပြီး ပြိုင်ပွဲမှာ အနိုင်ရသူတွေဟာ WWDC20 Jacket နဲ့ Pin တွေ ရကြမှာပါ။

Ref : gsmarena

%d bloggers like this: