10th Gen Intel Core i5/i7 ပါတဲ့ Microsoft Surface Book 3 ကို ကြေညာ

Microsoft က Surface Book 3 ကို ကြေညာလိုက်ပါတယ်။ ၁၃.၅ လက်မနဲ့ ၁၅ လက်မ မော်ဒယ်တွေ ထုတ်လုပ်ထားပြီး 10th Gen Intel Core i5/i7 Processor တွေ ထည့်ပေးထားပါတယ်။ Surface Book 2 ထက် စွမ်းဆောင်ရည် ၅၀ ရာခိုင်နှုန်း ပိုကောင်းလာပါတယ်။ ၁၅ လက်မ မော်ဒယ်ရဲ့ ဘက်ထရီ သက်တမ်းက ၁၇.၅ နာရီရှိပါတယ်။ NVIDIA GeForce GTX or Quadro RTX GPU တွေ ရွေးချယ်နိုင်ပြီး 32GB RAM အထိ ထည့်ပေးထားပါတယ်။ SSD က အရမ်း မြန်ပါတယ်။

Microsoft Surface Book 3 Specifications:

• 13.5-inch (3000 x 2000 pixels) / 15-inch (3240 x 2160 pixels) PixelSense Display
• Quad-core 10th gen Intel Core i5-1035G7 with Intel Iris Plus Graphics / Core i7-1065G7 with 4GB GDDR5 NVIDIA GeForce GTX 1650 with Max-Q Design / 6GB GDDR6 NVIDIA GeForce GTX 1660 Ti / NVIDIA Quadro RTX 3000 with Max-Q Design
• 8GB, 16GB, or 32GB 3733Mhz LPDDR4x RAM, 256GB, 512GB, 1TB or 2TB PCIe SSD
• HW TPM 2.0 chip for security
• 5.0MP front-facing camera with 1080p HD video
• 8.0MP rear-facing autofocus camera with 1080p HD video
• Ambient light sensor, Proximity sensor, Gyroscope, Accelerometer, Magnetometer.
• 3.5mm headphone jack, Dual far-field Studio Mics, Front-facing stereo speakers with Dolby Atmos
• Full-size, backlit keyboard with 1.55mm of full key travel Glass track pad with anti-fingerprint coating and improved multi-finger gestures
• 2 x USB-A (version 3.1 Gen 2), 1 x USB-C (version 3.1 Gen 2 with USB Power Delivery revision 3.0), Wi-Fi 6 802.11ax, Bluetooth 5.0, Xbox Wireless built in (15” only)
• Up to 15.5 hours (13.5″) / Up to 17.5 hours (15″) of typical device usage

Microsoft Surface Book 3 ရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၅၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂၂ သိန်းလောက်ရှိပါတယ်။ အမေရိကန်မှာ မေလ ၂၁ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ အဲဒီနောက်ပိုင်းကျမှ ဝယ်ယူနိုင်မှာပါ။ Surface Dock 2 ကို ၂၆၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၆ သောင်းလောက်ရှိပါတယ်။

Ref : fonearena

%d bloggers like this: