5G ပါတဲ့ Honor X10 ကို မေလ ၂၀ ရက်နေ့မှာ ကြေညာမည်

Huawei ရဲ့ ကုမ္ပဏီခွဲ Honor က မေလ ၂၀ ရက်နေ့မှာ Honor X10 စမတ်ဖုန်း အသစ်ကို ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။ Honor က တရုတ် လူမှုကွန်ရက် ဝီဘိုကနေ ဒီသတင်းကို အတည်ပြုလိုက်တာ ဖြစ်ပြီး X10 မှာ 5G ဆက်သွယ်မှု ပါမယ်လို့ ပိုစတာမှာ ဖော်ပြထားပါတယ်။

Honor က X10 ရဲ့ သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ ဒါပေမယ့် TENAA မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ Kirin 820 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး ၆.၆၃ လက်မ FullHD+ LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။

Honor X10 မှာ 40MP Sony IMX600y Main ကင်မရာနဲ့အတူ 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။ အရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားမှာ ဖြစ်ပြီး 4,200mAh ဘက်ထရီ ပါလာမှာပါ။ 22.5W အထိ ထောက်ပံ့ပြီး USB-C Port တပ်ဆင်ထားမှာပါ။ လာမယ့် ရက်ပိုင်းအတွင်းမှာ Honor X10 ရဲ့ သတင်းအချက်အလက်တွေ ပိုသိလာရမှာပါ။
Ref : gsmarena

%d bloggers like this: