Pixel 4 XL အတွက် အညိုရောင် ထွက်လာနိုင်

Google Pixel 4 XL အတွက် အရောင် အသစ် ၁ မျိုး ထွက်လာနိုင်ပါတယ်။ အညိုရောင် ဖြစ်ပြီး သူ့ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ နမူနာ မော်ဒယ်ပုံ ဖြစ်ပြီး သူ့ကို FCC မှာ မှတ်ပုံမတင်ထားပါဘူး။ ကုမ္ပဏီအတွင်းမှာ စမ်းသပ်နေတဲ့ပုံပေါ်ပါတယ်။

အနောက်ဘက်ဟာ အညိုရောင် ဖြစ်ပြီး ဘေးဘက်က ခလုတ်တွေဟာ အညိုဖျော့ရောင် ဖြစ်ပါတယ်။ အရွယ်သေး Pixel 4 အတွက်လည်း XL လိုပဲ အရောင်တွေ ထုတ်လုပ်ပေးထားတဲ့အတွက် Pixel 4 အတွက်လည်း အညိုရောင် ထုတ်လုပ်ပေးထားနိုင်ပါတယ်။

Google က 4 XL ကို ရောင်းချပေးထားတာ ကြာပြီ ဖြစ်ပေမယ့် အခုမှ အညိုရောင်ကို ဘာလို့ ထုတ်လုပ်ရောင်းချသလဲဆိုတာ မသိရသေးပါဘူး။ Pixel 4a အတွက်လည်း အညိုရောင် ထုတ်လုပ်ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: