Xiaomi က User Data တွေ ရယူနေတဲ့ သတင်းကို ငြင်းဆို

Xiaomi ဟာ သူ့ရဲ့ စမတ်ဖုန်းတွေကနေ User Data တွေ ရယူနေတယ်လို့ Forbes က ပြီးခဲ့တဲ့ ရက်ပိုင်းက ရေးသားထုတ်ဖော်ခဲ့ပါတယ်။ အခုတော့ Xiaomi က ဒီသတင်းတွေကို ငြင်းဆိုလိုက်ပါတယ်။ အတိုချုပ်ပြောရရင် Xiaomi က ရယူတဲ့ Data တွေဟာ ဘယ်သူရဲ့ Data လဲဆိုတာ ခွဲခြားလို့ မရဘူးလို့ ရှင်းပြပါတယ်။ Forbes ရဲ့ သတင်းအချက်အလက်တွေဟာ အထင်အမြင် လွဲမှားစေပြီး Xiaomi ဟာ နိုင်ငံတကာ Privacy Data ဥပဒေတွေကို လေးစားလိုက်နာတယ်လို့ ပြောပါတယ်။

Forbes က Xiaomi ဟာ Mi Browser App နဲ့ Mint Browser App တွေကနေ User Data တွေကို အခွင့်မရှိဘဲ ရယူတယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ Incognito Mode မှာတောင် အဲဒီ Data တွေ ရယူနေတယ်လို့ ပြောပါတယ်။ အခုတော့ Xiaomi က သုံးစွဲသူတွေအတွက် Mi Browser နဲ့ Mint Browser တွေကို Incognito Mode နဲ့ သုံးရင် Data လုံးဝ မရယူနိုင်အောင် ကာကွယ်နိုင်တဲ့ Option ကို ပံ့ပိုးပေးလိုက်ပါတယ်။

Ref : gsmarena

%d bloggers like this: