Apple က 10th Gen Intel Core Processor ပါတဲ့ ၁၃ လက်မ MacBook Pro အသစ်ကို ကြေညာ

Apple က ပြီးခဲ့တဲ့နှစ်မှာ TouchBar နဲ့ TrueTone Display ပါတဲ့ ၁၃ လက်မ MacBook Pro တွေကို ကြေညာခဲ့ပြီး အခုတော့ Magic Keyboard အသစ်နဲ့ 10th Gen Intel Core Processor ပါတဲ့ ၁၃ လက်မ MacBook Pro အသစ်တွေကို ချပြလိုက်ပါတယ်။

မော်ဒယ် အသစ်တွေမှာ 2TB SSD အထိ ရွေးချယ်နိုင်ပြီး အခြေခံအနေနဲ့ 256GB Storage ပါပါတယ်။ စွမ်းရည်နိမ့် မော်ဒယ်မှာ 8th Gen Intel Core i5 Processor နဲ့ စွမ်းရည်အမြင့်ဆုံး မော်ဒယ်မှာ 10th Gen Intel Core i5 Processor မောင်းနှင်ထားပါတယ်။ 32GB LPDDR4X RAM အထိ ထည့်သွင်းနိုင်ပြီး ဒါဟာ ၁၃ လက်မ MacBook Pro ထဲမှာ ပထမဆုံးပါ။

Apple က Butterfly Keyboard ကို Magic Keyboard အသစ်နဲ့ အစားထိုးထားပြီး Physical Escape Key , Touch Bar နဲ့ Touch ID ထည့်ထားပါတယ်။ True Tone နည်းပညာ ပါတဲ့ Retina Display , Apple T2 Security Chip နဲ့ macOS Catalina တို့ ပါလာပါတယ်။

အမေရိကန်မှာ ရောင်းချမယ့် ဈေးနှုန်း

• 8th Gen Intel Core processor, 8GB RAM, 256GB SSD: US$ 1299
• 8th Gen Intel Core processor, 8GB RAM, 512GB SSD: US$ 1499
• 10th Gen Intel Core processor, 16GB RAM, 512GB SSD: US$ 1799
• 10th Gen Intel Core processor, 16GB RAM, 1TB SSD: US$ 1999

Ref : fonearena

%d bloggers like this: