Samsung Galaxy S20 ရဲ့ Cloud White အရောင်ကို ဥရောပမှာ ရောင်းပြီ

Samsung Galaxy S20 Ultra ရဲ့ Cloud White အရောင်ကို တရုတ်မှာ ရောင်းချပြီးနောက်မှာ အခုတော့ ဥရောပမှာ ဝယ်ယူနိုင်တော့မှာပါ။ အဖြူရောင် ဖြစ်ပြီး Samsung Germany မှာ ၁,၁၅၀ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၇ သိန်းခွဲလောက်ရှိပြီး 12/128GB Version ရဲ့ ဈေး ဖြစ်ပါတယ်။ 512GB Storage ကို အနက်ရောင်အတွက်ပဲ ထုတ်လုပ်ထားပါတယ်။

တရုတ်မှာ 256GB Storage ကို ယွမ် ၁၀,၀၀၀ နဲ့ 512GB Storage ကို အညိုရောင်အတွက်ပဲ ထုတ်လုပ်ထားပါတယ်။ Cloud White အရောင်ကို မြောက်အမေရိကနဲ့ တောင်ကိုရီးယားမှာ မရသေးပါဘူး။ အရွယ်သေး S20 နဲ့ S20+ အတွက်လည်း Cloud White အရောင် ထုတ်လုပ်ထားပေမယ့် နိုင်ငံတချို့မှာပဲ ရောင်းပေးထားပါတယ်။

ဥပမာအနေနဲ့ Galaxy S20+ Cloud White ကို စပိန်မှာ အွန်လိုင်းကနေပဲ ရောင်းပေးနေပြီး အီတလီမှာ S20 နဲ့ S20+ အတွက် Cloud White ရောင်းပေးနေပေမယ့် S20 Ultra အတွက် မရှိပါဘူး။ S20 Ultra အတွက် ၃ ရောင် ထုတ်လုပ်ပေးထားပြီး တခြား ၂ ရောင်မှာ Black နဲ့ Grey တို့ ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: