Samsung Galaxy Buds+ အတွက် Aura Blue အရောင်အသစ် ထွက်လာမည်

Galaxy Buds+ အတွက် စုစုပေါင်း အရောင် ၅ မျိုးထုတ်လုပ်ထားပြီး အနီ ၊ပန်းရောင် ၊အနက်၊ အပြာနဲ့ အဖြူရောင်တွေ ဖြစ်ပါတယ်။ အခုတော့ Aura Blue အရောင် အသစ်ထွက်လာမှာ ဖြစ်ပြီး အပြာရင့်ရောင် ဖြစ်ပါတယ်။ နာမည်ကျော် Leakster Evan Blass က အဲဒီ အရောင်ရဲ့ ဓါတ်ပုံကို မျှဝေလိုက်တာ ဖြစ်ပါတယ်။

Galaxy Buds+ ကို ဖေဖော်ဝါရီလက ကြေညာခဲ့တာပါ။ သူ့မှာ 2-way Speakers (Woofer + Tweeter) ပါလာပြီး AKG က ဖန်တီးပေးထားပါတယ်။ နားကြပ် ၁ ခုစီမှာ 85mAh ဘက်ထရီ ထည့်ထားပြီး ၁၁ နာရီ သီချင်းနားဆင်နိုင်ပါတယ်။ Charging Case မှာလည်း 270mAh ဘက်ထရီ ပါပြီး ၂ ဆလောက် အသုံးခံမှာပါ။

Aura Blue အရောင် အသစ်ကို ရောင်းမယ့် အချိန်နဲ့ နိုင်ငံကို မသိရသေးပါဘူး။ အမေရိကန်မှာ ၁၅၀ ဒေါ်လာနဲ့ ဥရောပမှာ ၁၇၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်းလောက်ရှိပါတယ်။

Ref : gsmarena

%d bloggers like this: