Galaxy Z Flip 2 မှာ အနောက်ကင်မရာ ၃ လုံးပါလာနိုင်

Samsung က Galaxy S20 Series တွေနဲ့အတူ ဒေါင်လိုက် ခေါက်ချိုးဖုန်း Galaxy Z Flip ကို ဖေဖော်ဝါရီလက ကြေညာခဲ့ပါတယ်။ အခုတော့ LetsGoDigital က Galaxy Z Flip ရဲ့ မျိုးဆက်သစ် Patent ကို မျှဝေလိုက်ပြီး Galaxy Z Flip 2 မှာ အနောက်ဘက် ဒီဇိုင်း တချို့ကို ပြောင်းလဲထားပါတယ်။ Patent ဓါတ်ပုံတွေအရ အလယ်ကနေ ခေါက်ချိုးတဲ့ ဒီဇိုင်း ဖြစ်ပြီး မော်ဒယ် A နဲ့ မော်ဒယ် B ၂ မျိုးကို မြင်ရပါတယ်။

မူလ Galaxy Z Flip မှာ အနောက်ကင်မရာ ၂ လုံး၊ LED Flash ၁ လုံးနဲ့ ဒုတိယ OLED မျက်နှာပြင် ပါလာပါတယ်။ အပို မျက်နှာပြင်ကနေ Notifications တွေကို ကြည့်နိုင်ပါတယ်။ မော်ဒယ် A မှာ ကင်မရာ ၃ လုံးကို အလျားလိုက် တပ်ဆင်ထားပြီး Flash နဲ့ အပို မျက်နှာပြင်လည်း ပါလာပါတယ်။ မော်ဒယ် B မှာ ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး ပိုကြီးတဲ့ ဒုတိယ မျက်နှာပြင်ထည့်ထားပါတယ်။ ဒီဇိုင်းအပိုင်းမှာ ပြောင်းလဲမှု ကြီးကြီးမားမား မရှိဘဲ Patent တွေမှာ Specs တွေကို မဖော်ပြထားပါဘူး။

Samsung ဟာ Galaxy Z Flip 2 မှာ အထက်က ဒီဇိုင်းတွေကို သုံးမလားဆိုတာ မသေချာသေးပါဘူး။ ဒါပေမယ့် Galaxy Z Flip 2 မှာ ကင်မရာ ၃ လုံးနဲ့ အရွယ်ပိုကြီးတဲ့ အပို မျက်နှာပြင် ပါလာနိုင်ပါတယ်။
Samsung ဟာ မကြာခင်က ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ခဲ့ပြီး ကိုရိုနာဗိုင်းရက်စ်ကြောင့် ဝင်ငွေ ထိခိုက်နေပါတယ်။ Galaxy Note နဲ့ Galaxy Fold အသစ်တွေကို ဒုတိယနှစ်ဝက်မှာ ကြေညာနိုင်ပြီး Exynos 992 ပါတဲ့ Galaxy Note 20 နဲ့ Galaxy Fold 2 ကို ဒီနှစ် ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ ချပြနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: