iPhone 12 ရဲ့ ဈေးနှုန်းတွေ ထွက်ပေါ်လာ

နောက်ထွက်မယ့် iPhone 12 Series ရဲ့ သတင်းအချက်အလက်တွေ စတင် ထွက်ပေါ်လာပါပြီ။ သူတို့ရဲ့ ဒီဇိုင်းနဲ့ Specs တချို့ကိုလည်း သိထားပြီးပါပြီ။ အခုတော့ သူတို့ရဲ့ ဈေးနှုန်းတွေ ထွက်လာပါတယ်။ ၆.၁ လက်မ မျက်နှာပြင်ပါတဲ့ iPhone 12 Pro ကို ၉၉၉ ဒေါ်လာ၊ ၆.၇ လက်မ မျက်နှာပြင် ပါတဲ့ iPhone 12 Pro Max ကို ၁၀၉၉ ဒေါ်လာ သတ်မှတ်ထားမယ်လို့ သိရပါတယ်။ ဈေးတွေက အရင်မျိုးဆက်တွေနဲ့ တူပါတယ်။

iPhone 12 မှာ ၆.၁ လက်မ မျက်နှာပြင်ပါလာမှာ ဖြစ်ပြီး သူ့ထက် အရွယ်သေးတဲ့ ၅.၄ လက်မ မော်ဒယ်လည်း ထွက်လာမှာပါ။ အဲဒီ ၂ လုံးကို ၇၄၉ ဒေါ်လာ၊ ၆၄၉ ဒေါ်လာနဲ့ အသီးသီး ရောင်းနိုင်ပါတယ်။ အဲဒီ တန်ဖိုးနည်း မော်ဒယ်တွေမှာလည်း 5G ပါလာမှာ ဖြစ်ပြီး OLED မျက်နှာပြင် သုံးထားမှာပါ။ အနောက်ကင်မရာ ၂ လုံးထည့်ထားမှာပါ။

ဒီနှစ်မှာ 5G ပါတဲ့ စွမ်းရည်မြင့် Android စမတ်ဖုန်းတွေရဲ့ ဈေးကလည်း အရမ်း မြောက်လာပါတယ်။ ဒါပေမယ့် Apple က 5G အတွက် ဈေးမတိုးထားဘူးလို့ ထင်ပါတယ်။ အောက်တိုဘာလနဲ့ နိုဝင်ဘာလထဲမှာ ရောင်းချနိုင်တယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

%d bloggers like this: