Samsung က Galaxy Note20 နဲ့ Fold 2 ကို ဒုတိယနှစ်ဝက်မှာ ရောင်းမယ်လို့ ပြော

ကိုရိုနာဗိုင်းရက်စ်ကြောင့် ဒီနှစ်ထဲမှာ စမတ်ဖုန်း ကြေညာချိန်တွေ ကမောက်ကမ ဖြစ်နေပါတယ်။ Galaxy Note Fans တွေက ဒီနှစ်မှာ ထွက်နေကျ အချိန်အတိုင်း မထွက်လာမှာ စိုးရိမ်နေကြပါတယ်။ အခုတော့ သူတို့အတွက် သတင်းကောင်းကို Samsung က မျှဝေလိုက်ပါတယ်။ Samsung က Galaxy Note20 Series နဲ့ Galaxy Fold 2 ကို ဒုတိယနှစ်ဝက်မှာ ရောင်းမယ်လို့ အတည်ပြုလိုက်ပါတယ်။

Samsung ဟာ Galaxy Note20 နဲ့ Fold 2 ကို ဩဂုတ်လလောက်မှာ ကြေညာနိုင်ပါတယ်။ Samsung က မိတ်ဆက်ပွဲကို ထုံးစံအတိုင်း လုပ်မလား၊ အွန်လိုင်းက လုပ်မလားဆိုတာ မသိရသေးပါဘူး။ Galaxy Note20 Series ရဲ့ သတင်းတွေ လက်ရှိမှာ များများစားစား မထွက်သေးပါဘူး။ Plus ရဲ့ 5G Version ကို အရင်လ အစောပိုင်းက Geekbench မှာ တွေ့လာရပြီး Specs တချို့ကို သိလာရပါတယ်။ သူ့မှာ Android 10 , 8GB RAM နဲ့ Snapdragon 865+ SoC တွေ ပါလာနိုင်ပါတယ်။

ကိုရိုနာဗိုင်းရက်စ်ဟာ Samsung အပါအဝင် တစ်ကမ္ဘာလုံးက စမတ်ဖုန်း ကုမ္ပဏီတွေကို ထိခိုက်နေပါတယ်။ နိုင်ငံများစွာက စမတ်ဖုန်း စက်ရုံတွေနဲ့ အရောင်းဆိုင်တွေကို ပိတ်ထားကြပါတယ်။ Samsung က 3nm Chips အမြောက်အများ ထုတ်လုပ်တာကို ၂၀၂၂ အထိ နောက်ဆုတ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: