OnePlus Z ရဲ့ Hands-on Image ထွက်ပေါ်လာ

OnePlus က ဒီလ အစောပိုင်းမှာ အလန်းစား 8 Series ကို ကြေညာခဲ့ပြီး စွမ်းရည်သင့် OnePlus Z မပါလာခဲ့ပါဘူး။ OnePlus Z ကို ဇူလိုင်လမှာ ရောင်းမယ်လို့ မကြာခင်က သတင်းထွက်လာပြီး အခုတော့ သူ့ရဲ့ ဓါတ်ပုံ ပထမဆုံး အကြိမ် ထွက်ပေါ်လာပါတယ်။

True-tech က မျှဝေလိုက်တာ ဖြစ်ပြီး သူ့မှာ ပြားချပ်တဲ့ မျက်နှာပြင် တပ်ဆင်ထားမှာပါ။ မျက်နှာပြင် အထက် အလယ်နားမှာ Punch Hole ၁ ခုထဲ ပါလာပါတယ်။ အဲဒီအတွက် OLED မျက်နှာပြင်ဖြစ်နိုင်ပြီး 90Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ OnePlus က နောက်ထုတ်မယ့် ဖုန်းတွေမှာ အနည်းဆုံး အနေနဲ့ 90Hz သုံးမယ်လို့ ပြောထားပါတယ်။ အရင်သတင်းတွေအရ OnePlus Z ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၆.၄ လက်မ ကနေ ၆.၅ လက်မ အတွင်းရှိမယ်လို့ သိရပါတယ်။

OnePlus Z မှာ MediaTek Dimensity 1000L Chipset မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ပါလာမှာပါ။ အနောက်ဘက်မှာ 48MP Main ကင်မရာ ထည့်ထားမှာ ဖြစ်ပြီး Android 10 အခြေပြု Oxygen OS နဲ့ 4,000mAh ဘက်ထရီတွေ ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: