Samsung က 250MP Sensor ကို ဖန်တီးနေ

Samsung က လူ့မျက်လုံးနဲ့တောင် မမြင်နိုင်တဲ့ အသေးစိတ်ကျတဲ့ ရုပ်ပုံတွေ ဖမ်းယူပေးနိုင်တဲ့ 600MP Image Sensor ကို အနာဂတ်မှာ ဖန်တီးတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ 250MP Image Sensor ကို အာရုံစိုက် ဖန်တီးနေပါတယ်။

မကြာခင်က ထွက်ခဲ့တဲ့ အတွင်းသတင်းတွေအရ Samsung ဟာ 250MP Sensor ကို ဖန်တီးနေပြီး ထောင့်ဖြတ် အတိုင်းအတာဟာ ၁ လက်မ အထိ ရှိနိုင်ပါတယ်။ Galaxy S20 Ultra ရဲ့ 108MP Sensor ဟာ 1/1.33” ရှိပြီး အခု သတင်းထွက်နေတဲ့ ၁ လက်မထက် အရွယ်အစား သေးငယ်ပါတယ်။

Samsung ဟာ 150MP Sensor ကို သုတေသနပြုလုပ်မှုနဲ့ ဖန်တီးမှု အောင်မြင်သွားပြီလို့ သတင်းထွက်နေပါတယ်။ ဒီနှစ် ဒုတိယ နှစ်ဝက်လောက်မှာ အဲဒီ Sensor ကို စမတ်ဖုန်းတွေမှာ ထည့်သွင်းရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: