Qualcomm က Snapdragon 765 Device တွေအတွက် Quick Charge 3+ ကို ကြေညာ

Qualcomm က သူ့ရဲ့ Chipsets တွေမှာ လျှင်မြန်တဲ့ အားသွင်းနည်းပညာကို ထည့်သွင်းပေးထားတာ ကြာပါပြီ။ အခုတော့ ခါတိုင်းထက် ထူးခြားသွားပါပြီ။ Qualcomm က Premium Mid-rangers တွေအတွက် Quick Charge 3+ ကို မိတ်ဆက်လိုက်ပါတယ်။

Snapdragon 765 Device တွေအတွက် ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပြီး ၁၅ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Qualcomm က ဒီနည်းပညာဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် အသုံးဝင်တဲ့ အားသွင်းနည်းပညာ ဖြစ်လာမယ်လို့ ပြောပါတယ်။ အရင်မျိုးဆက်တွေနဲ့ ယှဉ်ရင် ၃၅ ရာခိုင်နှုန်း ပိုမြန်ပြီး ၉ ဒီဂရီ ပိုအေးမြလာပါတယ်။ ဒီစံနှုန်းဟာ USB-A က‌နေ USB-C Cables တွေအထိ အလုပ်လုပ်ပြီး Quick Charge 4 ထောက်ပံ့တဲ့ Accessory တွေနဲ့လည်း အဆင်ပြေပါတယ်။

၁ ခုထဲပါတဲ့ IC Design အသစ်ကြောင့် ဖုန်းတွေဟာ OVP (over-voltage protection) Chip, A Sense Resistor နဲ့ တခြား အရာတွေ မလိုတော့ပါဘူး။ တစ်ပြိုင်နက် သုံးရင်တောင် အဆင်ပြေပါတယ်။

Ref : gsmarena

%d bloggers like this: