iPhone 12 အမြောက်အများ ထုတ်လုပ်မှု ၁ လ နောက်ကျနိုင်

Apple က iPhone 12 အမြောက်အများ ထုတ်လုပ်မှု ၁ လ နောက်ကျနိုင်တယ်လို့ The Wall Street Journal က ပြောပါတယ်။ အဲဒီအတွက် iPhone 12 ကို ပုံမှန်ထက် နောက်ကျပြီး အောက်တိုဘာလလောက်မှာ ရောင်းချနိုင်ပါတယ်။

Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo ကလည်း မကြာခင်က iPhone 12 ထုတ်လုပ်မှု ၁ လနောက်ကျမယ်လို့ သတင်းပေးခဲ့ပါတယ်။ အရင်ကတော့ ပုံမှန်အချိန် အတိုင်း ထုတ်လုပ်မယ်လို့ သတင်းထွက်ခဲ့တာပါ။

Apple iPhone 12 ဟာ ၂၀၁၇ ထုတ် iPhone X ပြီးနောက် အကြီးမားဆုံး ပြောင်းလဲမှု ဖြစ်လာမှာပါ။ iPad Pro လို ဒီဇိုင်း သုံးထားနိုင်ပြီး ဘေးဘက်တွေက ပြားချပ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အရွယ်သေး ၅.၄ လက်မ ၊ အရွယ်ကြီး ၆.၇ လက်မနဲ့ ၆.၁ လက်မ မော်ဒယ် ၂ ခု ထွက်လာနိုင်ပါတယ်။ 5G ပါလာပြီး Pro Model မှာ LiDAR အထောက်အကူပြု ကင်မရာ ၁ လုံးနဲ့ 5nm Apple A14 Chip အသစ် ထည့်ထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: