၁ သိန်း ၂ သောင်းလောက်ပဲရှိတဲ့ Samsung Galaxy J2 Core 2020 ကို ကြေညာ

Samsung က ၂၀၁၈ မှာ Galaxy J2 Core ကို ရောင်းချခဲ့ပြီး အခုတော့ Galaxy J2 Core 2020 ကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါပြီ။ မော်ဒယ်အသစ်မှာ ၅ လက်မ qHD TFT မျက်နှာပြင် ပါလာပြီး 16:9 Aspect Ratio ဖြစ်ပါတယ်။ Samsung Exynos 7570 Quad-core 14nm Processor မောင်းနှင်ထားပြီး 1GB RAM ပဲပါပါတယ်။ 16GB Storage ပါလာပြီး အနောက်ဘက်မှာ 8MP နဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ထည့်ထားပါတယ်။

Android 8 Oreo ပဲပါတာက သိပ်မမိုက်သလို လက်ဗွေရာ ကိရိယာလည်း မပါပါဘူး။ ဘက်ထရီက 2,600mAh ဖြစ်ပါတယ်။

Samsung Galaxy J2 Core 2020 (SM-J260GZDI) specifications

• 5-inch (540 x 960 pixels) qHD PLS TFT display
• Quad-Core Exynos 7570 14nm processor clocked at 1.4GHz with Mali-T720 MP1 GPU
• 1GB RAM, 16GB storage (11.7GB available memory); expandable up to 256GB with microSD
• Android 8.1 Oreo (Go edition)
• Dual SIM
• 8MP rear camera with LED flash, f/2.2 aperture
• 5MP front-facing camera with f/2.2 aperture
• Dimensions: 143.4 x 72.1 x 8.9mm; Weight: 154g
• 3.5mm audio jack, FM Radio
• 4G VoLTE, Wi-Fi b/g/n, Bluetooth 4.2 LE, GPS
• 2600mAh removable battery; MicroUSB

Samsung Galaxy J2 Core 2020 အတွက် အပြာ၊ အနက်၊ ရွှေရောင်တွေ ထုတ်လုပ်ထားပြီး ရူပီး ၆,၂၉၉ ပဲရှိပါတယ်။ စွမ်းရည်နိမ့်ပြီး ဒီဇိုင်း မလှပေမယ့် မြန်မာငွေ ၁ သိန်း ၂ သောင်းလောက်ပဲရှိပါတယ်။ Samsung India eStore မှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: