Lenovo က AMD Ryzen Processor ပါတဲ့ IdeaPad 5 ကို ကြေညာ

Lenovo က IdeaPad 5 AMD လက်ပ်တော့ကို ရောင်းပေးလိုက်ပါပြီ။ AMD ရဲ့ Ryzen 4000 Series CPU ပါတဲ့ ပထမဆုံး လက်ပ်တော့တွေဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၆၉၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၉ သိန်း ၈ သောင်းလောက် ရှိပါတယ်။

သူ့မှာ ၁၅.၆ လက်မ FullHD မျက်နှာပြင် ပါလာပြီး Ryzen 5 4500U CPU, 8GB RAM , AMD Radeon Graphics နဲ့ 512GB Storage တွေ ထည့်ထားပါတယ်။ Dolby Audio စပီကာ ၂ လုံး ပါလာပြီး Webcam Privacy Shutter နဲ့ လက်ဗွေရာ ကိရိယာတွေ ပါပါတယ်။

အရွယ်အစား အပြည့်အစုံမှာ 14.0 x 9.2 x 0.78-inches နဲ့ အလေးချိန်မှာ ၃.၇ ပေါင်ရှိတဲ့အတွက် သူနဲ့အရွယ်တူ Dell XPS 15 ထက်တောင် ပေါ့ပါးပါတယ်။ USB-A 3.1 Port ၂ ခု၊ USB-C Port ၁ ခုနဲ့ HDMI Port ၁ ခုစီ ထည့်သွင်းထားပြီး SD Card Reader ၁ ခု ပါပါတယ်။ Platinum Grey , Granite Grey နဲ့ Light Teal အရောင်တွေ ရွေးချယ်နိုင်ပြီး ဘက်ထရီ သက်တမ်းက ၁၅ နာရီ ဖြစ်ပါတယ်။ Quick Charge ထည့်ထားပြီး လက်ပ်တော့ကို အားအပြည့်သွင်းဖို့ ၃ နာရီနဲ့ ၁၅ မိနစ် ကြာပါတယ်။

Windows 10 Home OS မောင်းနှင်ထားပြီး အမေရိကန်နဲ့ ဗြိတိန်မှာ ရောင်းပေးနေပါပြီ။

Ref : laptopmag

%d bloggers like this: