iPhone SE 2020 ကို နိုင်ငံပေါင်း ၄၀ မှာ ရောင်းပြီ

Apple က တန်ဖိုးနည်း iPhone SE 2020 ကို မကြာခင်က ကြေညာခဲ့ပြီး အခုတော့ နိုင်ငံပေါင်း ၄၀ မှာ ရောင်းချပေးလိုက်ပါပြီ။ အဲဒီ နိုင်ငံတွေထဲမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါနဲ့ ထိုင်ဝမ်တို့ ပါဝင်ပါတယ်။ နိုင်ငံအလိုက် ဈေးနှုန်းတွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

ကြိုတင်မှာယူထားသူတွေကို မေလ ၁ ရက်ကနေ ၅ ရက်နေ့အတွင်း ပို့ဆောင်ပေးမှာပါ။ နောက် ၁ သုတ်ကို မေလ ၅ ရက် နောက်ပိုင်းမှာ ရောင်းချနိုင်ပါတယ်။ ကိုရိုနာဗိုင်းရက်စ်ကြောင့် စက်ရုံ ၊ အလုပ်ရုံတွေ ကောင်းကောင်း မလည်ပတ်နိုင်သေးတဲ့အတွက် Apple ဟာ iPhone SE အသစ်အတွက် ပစ္စည်း အလုံအလောက် မရှိနိုင်ဘဲ အကန့်အသတ်နဲ့ ရောင်းချပေးနိုင်ပါတယ်။

iPhone SE 2020 မှာ iPhone 11 က A13 Bionic Chipset အပါအဝင် အထင်ကြီးစရာ Specs တွေ ပါလာပါတယ်။ 64GB , 128GB နဲ့ 256GB Storage တွေ ရွေးချယ်နိုင်ပြီး 64GB ကို ၃၉၉ ဒေါ်လာ၊ 128GB ကို ၄၄၉ ဒေါ်လာ နဲ့ 256GB ကို ၅၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၅ သိန်း ၆ သောင်း၊ ၆ သိန်း ၄ သောင်းနဲ့ ၇ သိန်း ၈ သောင်းလောက် ကျသင့်မှာပါ။

Apple က iPhone SE 2020 ရဲ့ ဘက်ထရီဟာ ၁၃ နာရီ ဗီဒီယို ကြည့်နိုင်ပြီး ၈ နာရီ Online Video Streaming လုပ်နိုင်တယ်လို့ ပြောပါတယ်။ ဘူးထဲမှာ 5W Charger ပဲပါပေမယ့် 18W Fast Charging ထောက်ပံ့ပါတယ်။ 18W Charger က နာရီဝက်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်ပြီး ကြိုးမဲ့အားသွင်းနည်းပညာ ပါပါတယ်။

Apple ရဲ့ ထုံးစံအတိုင်း RAM နဲ့ ဘက်ထရီ ပမာဏကို မကြေညာခဲ့ပါဘူး။ မကြာခင်က China Telecom မှာ အဲဒီ သတင်းအချက်အလက်တွေကို သိလာရပါပြီ။ 3GB RAM နဲ့ 1,812mAh ဘက်ထရီ ထည့်သွင်းထားပြီး iPhone 8 မှာပါတဲ့ ဘက်ထရီ ပမာဏနဲ့ တူပါတယ်။ Apple ဟာ iPhone SE 2020 ကို ကြေညာပြီးနောက်မှာ iPhone 8 Series ရောင်းတာကို ရပ်နားလိုက်ပါတယ်။ iPhone SE 2020 ရဲ့ RAM က iPhone 11 Series ထက် 1GB နည်းပါတယ်။

Ref : gsmarena

%d bloggers like this: