Meizu 17 မှာ 30W Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါမည်

Meizu က စွမ်းဆောင်ရည်မြင့် Meizu 17 ရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ အခုလည်း သူ့မှာ 30W Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါမယ်လို့ အတည်ပြုလိုက်ပြီး mCharge အားသွင်းနည်းပညာ ထည့်ထားမှာပါ။

အရင်သတင်းတွေအရ သူ့မှာ 5G Modem ပါတဲ့ အလန်းစား Snapdragon 865 Chipset မောင်းနှင်ထားမှာပါ။ အလန်းစား 90Hz Refresh Rate ထောက်ပံ့တဲ့ OLED မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 90Hz Refresh Rate က ဂိမ်းကစားရင် အရမ်းကို ချောမွတ်မြန်ဆန်မှာ ဖြစ်ပါတယ်။ သူ့မှာ FHD+ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 1080x2206p Resolution ဖြစ်ပါတယ်။

သူဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G ဖုန်း ဖြစ်ပါတယ်။ Meizu က မကြာခင်က သူ့ရဲ့ ပိုစတာ ၁ ခု မျှဝေလိုက်ပြီး ပိုစတာမှာ Punch Hole ဆဲလ်ဖီး ကင်မရာကို တွေ့ရပါတယ်။ အနောက်ကင်မရာ ၄ လုံးကို အလျားလိုက် တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ Android 10 အခြေပြု FlymeOS တွေ ထည့်သွင်းထားနိုင်ပါတယ်။

Meizu ဟာ သက်တမ်း ၁၇ နှစ်ရှိပြီဖြစ်တဲ့ ဝါရင့် ဖုန်း ကုမ္ပဏီ ဖြစ်ပြီး ၁၇ နှစ်ပြည့် မွေးနေ့အတွက် အထူးထုတ် Meizu 17 ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ သူ့ကို ကြေညာမယ့် နေ့နဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ခဲ့ပါတယ်။ မကြာခင်ကတော့ ကုမ္ပဏီက မေလ ၈ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Ref : gsmarena

%d bloggers like this: