DxOMark ရဲ့ ကင်မရာ အကောင်းဆုံး ဖုန်းစာရင်းမှာ နံပါတ် ၆ နေရာရသွားတဲ့ Galaxy S20 Ultra

DxOMark က Galaxy S20 Ultra ရဲ့ ကင်မရာတွေကို စမ်းသပ်လိုက်ပြီး ဓါတ်ပုံအပိုင်းမှာ ၁၃၂ မှတ်နဲ့ ဗီဒီယို အပိုင်းမှာ ၁၀၂ မှတ်ရသွားပါတယ်။ စုစုပေါင်း ရမှတ်က ၁၂၂ ဖြစ်ပြီး ကင်မရာ အကောင်းဆုံး ဖုန်း စာရင်းမှာ Honor V30 Pro နဲ့အတူ နံပါတ် ၆ နေရာကို ရသွားပါတယ်။

DxOMark က Galaxy S20 Ultra ရဲ့ အရောင်တွေဟာ အသက်ဝင်ပြီး Wide Dynamic Range အရမ်း ကောင်းတယ်လို့ ပြောပါတယ်။ Noise Control အကောင်းဆုံး ဖြစ်ပြီး မြင်ကွင်းကျယ် ကင်မရာက ထိပ်တန်း အဆင့် ဖြစ်ပါတယ်။ အားနည်းချက်က Low Light မှာ Autofucus စွမ်းရည် ဖြစ်ပြီး ပြိုင်ဖက်တွေထက် နှေးပါတယ်။

Dynamic Range က Huawei P40 Pro လောက် မကောင်းပါဘူး။ Sharpness ကလည်း Xiaomi Mi 10 Pro ထက် အားနည်းပါတယ်။ Zoom Shots တချို့မှာ အားနည်းချက်တွေ ရှိပါတယ်။

Ref : gsmarena

%d bloggers like this: