144Hz AMOLED နဲ့ SD765G ပါတဲ့ Nubia Play ကို ကြေညာပြီ

ZTE ရဲ့ Nubia Brand က စွမ်းရည်သင့် Nubia Play ကို ကြေညာလိုက်ပြီး ၆.၆၅ လက်မ FHD+ AMOLED မျက်နှာပြင်နဲ့ 144Hz Refresh Rate ပါလာပါတယ်။ SD765G မောင်းနှင်ထားပြီး 5G ပါပါတယ်။ Liquid Cooling System ပါတဲ့အတွက် ဂိမ်း ကစားရင် အပူမလွန်ကဲအောင် ကာကွယ်ပေးပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 12MP ကင်မရာ ထည့်ထားပါတယ်။ ဂိမ်းကစားဖို့အတွက် Dual Touch Game Trigger Keys တွေ တပ်ဆင်ထားပြီး 30W Fast Charging ပါတဲ့ 5,100mAh ဘက်ထရီ ပါလာပါတယ်။

Nubia Play specifications

• 6.65-inch (1080 × 2340 pixels) Full HD+ 20:9 AMOLED screen with 144Hz refresh rate, DCI-P3 color gamut
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB / 8GB LPDDR4X RAM with 128GB (UFS 2.1) storage / 8GB LPDDR4X RAM with 256GB (UFS 2.1) storage
• Android 10 with nubiaUI 8.0
• Dual SIM
• 48MP rear camera with Sony IMX582 sensor, 0.8μm pixel size, f/1.75 aperture, LED flash, 8MP 120° ultra-wide angle lens, 2MP macro and 2MP depth sensor with f/2.4 aperture
• 12MP front-facing camera
• In-display fingerprint sensor
• USB Type-C audio, 1217 Linear Speaker, DTS
• Dimensions: 171.7×78.5×9.1mm; Weight: 210g
• 5G SA/ NSA / Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, Dual-frequency (L1+L5), GPS/GLONASS/Beidou, NFC, USB Type-C
• 5100mAh (Typical) battery with 30W fast charging

အနက်၊ အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၂,၃၉၉ ယွမ်၊ 8/128GB ကို ၂,၆၉၉ ယွမ်နဲ့ 8/256GB ကို ၂,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ မြန်မာငွေ ၄ သိန်း ၈ သောင်းလောက်ရှိပါတယ်။ တရုတ်မှာ ၂၄ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: