Facebook က ကိုရိုနာဗိုင်းရက်စ် လက္ခဏာ ပြသတဲ့ မြေပုံကို ဖန်တီး

Mark Zuckerberg က ကမ္ဘာအဝန်းမှာ ကိုရိုနာဗိုင်းရက်စ် ကူးစက်မှုကို ခြေရာခံနိုင်တဲ့ မြေပုံကို Carnegie Mellon University နဲ့ ပူးပေါင်း ဖန်တီးလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ Facebook က လူထုစစ်တမ်းကောက်ယူခြင်းဖြင့် အမေရိကန်မှာ လက္ခဏာ ခံစားနေရတဲ့ တည်နေရာတွေကို ပြသတဲ့ မြေပုံ ၁ ခုကို ဖန်တီးလိုက်ပါတယ်။

ရောဂါ လက္ခဏာ ခံစားနေရတဲ့ တည်နေရာတွေကို ပြသတာ ဖြစ်ပြီး ကူးစက်ခံရတဲ့ တည်နေရာတွေကို ပြသတာ မဟုတ်ပါဘူး။ အဲဒီအတွက် တခြား Tracker တွေနဲ့ ကွဲပြားပါတယ်။ Zuckerberg က “ အစိုးရအတွက် ဗိုင်းရက် ဘယ်လို ကူးစက်တာကို သိနားလည်ခြင်းဟာ အရေးကြီးပါတယ်။ ဒါမှသာ အသက်ရှူစက်တွေ၊ PPE တွေ ဖြန့်ဝေရမယ့် တည်နေရာတွေကို သိနားလည်မှာပါ။ “ လို့ ပြောပါတယ်။

လက်ရှိ မြေပုံဟာ အမေရိကန်က အသက် ၁၈ နှစ်ကျော်ပြီးသူများကို စစ်တမ်း ကောက်ယူထားတာကို အခြေပြုထားပြီး ဒီ ၁ ပတ်ထဲမှာ တစ်ကမ္ဘာလုံးအတွက် တိုးချဲ့ ပြုလုပ်ပေးသွားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ကမ္ဘာအဝန်းမှာ Facebook သုံးသူ ၂ ဘီလီယမ်ကျော် ရှိတဲ့အတွက် အဲဒီဒေတာတွေဟာ အသုံးဝင်မှာ ဖြစ်ပါတယ်။ Facebook ရဲ့ မြေပုံကို ဒီလင့် ကနေ ကြည့်နိုင်ပါတယ်။

Ref : tnw

%d bloggers like this: