စက္ကန့်ပိုင်းအတွင်း အလုံးရေ ၅ သောင်းကျော် ရောင်းချခဲ့ရတဲ့ Honor 30 Series

Honor က မကြာခင်က စွမ်းရည်မြင့် Honor 30 Series တွေကို ကြေညာခဲ့ပြီး Honor 30 , Honor 30 Pro နဲ့ Honor 30 Pro+ တို့ ဖြစ်ပါတယ်။ အခုတော့ တရုတ်မှာ ပထမဆုံး အကြိမ် ရောင်းချပေးလိုက်ပြီး စက္ကန့်ပိုင်းအတွင်း ပစ္စည်းပြတ်သွားတယ်လို့ Honor က ပြောပါတယ်။ Honor က ယွမ် သန်း ၃၀၀ ဖိုးရောင်းရတယ်လို့ ပြောတဲ့အတွက် အလုံးရေ ၅၄,၀၀၀ ကနေ ၁၀၀,၀၀၀ အတွင်း ရောင်းချရနိုင်ပါတယ်။

Honor 30 အတွက် အနက်၊ ခရမ်း၊ ငွေနဲ့ အစိမ်းရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၂,၉၉၉ ယွမ်၊ 8/128GB ကို ၃,၁၉၉ ယွမ်နဲ့ 8/256GB ကို ၃,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆ သိန်း ၊ ၆ သိန်း ၄ သောင်းနဲ့ ၇ သိန်းလောက် အသီးသီး ကျသင့်မှာပါ။

Honor 30 Pro ရဲ့ 8/128GB ကို ၃,၉၉၉ ယွမ်နဲ့ 8/256GB ကို ၄,၃၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းနဲ့ ၈ သိန်း ၈ သောင်းလောက် အသီးသီး ရှိပါတယ်။ Pro+ အတွက် အနက်၊ အစိမ်းနဲ့ ငွေရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ၄,၉၉၉ ယွမ်နဲ့ 12/256GB ကို ၅,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၀ သိန်းနဲ့ ၁၁ သိန်းလောက် ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: