iPhone SE Plus ထွက်လာနိုင်

Apple က မကြာခင်ကပဲ iPhone SE (2020) ကို ကြေညာခဲ့ပြီး အခုတော့ နာမည်ကျော် Tipster ၁ ယောက်က iPhone SE Plus လည်း ထွက်လာမယ်လို့ ပြောပါတယ်။ iPhone SE (2020) ရဲ့ ဒီဇိုင်းဟာ iPhone 8 နဲ့ တူပါတယ်။ နောက်ဆုံးထုတ် A13 Bionic Chipset မောင်းနှင်ထားပြီး iPhone SE အသစ်ထွက်လာတဲ့အတွက် Apple က iPhone 8 နဲ့ 8 Plus ရောင်းတာကို ရပ်နားလိုက်ပါတယ်။ အဲဒီအတွက် iPhone 8 Plus နေရာကို ဝင်ယူဖို့ အရွယ်အစား ပိုကြီးတဲ့ iPhone SE Plus ကို ရောင်းချနိုင်ပါတယ်။
https://twitter.com/jon_prosser/status/1251601193593458689
iOS 14 က Code တွေမှာ ၅.၅ လက်မ မျက်နှာပြင်ပါတဲ့ မော်ဒယ်ကို တွေ့မြင်ခဲ့ရပြီး အဲဒါဟာ iPhone SE Plus ဖြစ်နိုင်ပါတယ်။ iPhone SE Plus ရဲ့ Specs အများစုဟာ iPhone SE နဲ့ တူမှာပါ။ အရင်သတင်းတွေအရ Plus မှာ iPhone 11 Series မှာလို A13 Bionic Chip မောင်းနှင်ထားမှာ ဖြစ်ပြီး 3GB RAM LPDDR4X RAM နဲ့ 64/128GB Storage တွေ ပါလာမှာပါ။ Space Gray , Silver နဲ့ Red အရောင်တွေ ထုတ်လုပ်ထားမှာဖြစ်ပါတယ်။

iPhone SE Plus မှာ အနောက်ကင်မရာ ၂ လုံး ပါလာနိုင်ပြီး ကြေညာမယ့် အချိန်နဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုသိလာရတော့မှာ ဖြစ်ပါတယ်။

ref : gsmarena

%d bloggers like this: