44MP ဆဲလ်ဖီး ကင်မရာ ပါတဲ့ OPPO Find X2 Neo ကို ဥရောပမှာ ရောင်းပြီ

OPPO Find X2 Neo ကို နယ်သာလန်က စတိုး ၁ ခုမှာ စာရင်းတင်လိုက်ပြီ ဖြစ်ပြီး ၇၁၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၁ သိန်းလောက်ရှိတဲ့အတွက် ဈေးက မသေးပါဘူး။ သူ့မှာ Snapdragon 765G မောင်းနှင်ထားပြီး 12/256GB ၁ မျိုးပဲ ထုတ်လုပ်ထားပါတယ်။ ၆.၅ လက်မ AMOLED FullHD+ မျက်နှာပြင်၊ 90Hz Refresh Rate တွေ ပါလာပြီး မျက်နှာပြင် ဘေးဘက်တွေဟာ ကွေးညွှတ်ပါတယ်။

44MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 48MP Main , 13MP Telephoto , 8MP Ultrawide နဲ့ 2MP Black & White ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ Android 10 အခြေပြု ColorOS 7 , USB-C Port နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာတွေ ထည့်ထားပါတယ်။

အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး ကြိုတင်မှာယူနိုင်ပါပြီ။ လာမယ့် ၃ ပတ်အတွင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ သူဟာ ဈေးကြီးပေမယ့် ၉၉၉ ယူရိုနဲ့ ၁,၁၉၉ ယူရို အသီးသီး သတ်မှတ်ထားတဲ့ Find X2 နဲ့ Find X2 Pro ထက် ဈေးသက်သာနေပါတယ်။

Ref : gsmarena

%d bloggers like this: