မကြာခင် ဥရောပမှာ ကြေညာမယ့် Xiaomi IoT ထုတ်ကုန်စာရင်း ထွက်ပေါ်လာ

Xiaomi ဥရောပကို ဈေးကွက်ချဲ့လာချိန်မှာ ထုတ်ကုန် နည်းနည်းကိုပဲ ရောင်းပေးနိုင်ခဲ့ပါတယ်။ အခုဆိုရင် Xiaomi ဟာ စမတ်ဖုန်း ၊ စမတ်နာရီ၊ စမတ်နေအိမ် ကိရိယာနဲ့ တခြား IoT ထုတ်ကုန်တွေကိုပါ ထုတ်လုပ်ရောင်းချလာနိုင်ပြီ ဖြစ်ပြီး ဥရောပ မြို့များစွာမှာလည်း Mi Stores တွေကို တိုးချဲ့ဖွင့်လှစ်လာပါတယ်။ ဥရောပမှာ ထုတ်ကုန်များစွာကိုလည်း ရောင်းချလာနိုင်ပါပြီ။ အခုတော့ မကြာခင် ဥရောပမှာ ကြေညာမယ့် Xiaomi IoT ထုတ်ကုန်စာရင်း ထွက်ပေါ်လာပါတယ်။


အဲဒီထဲမှာ အရင်က လုံးဝ မရောင်းဖူးသေးတဲ့ mi TV Stick လည်း ပါလာပါတယ်။ ကြေညာထားပြီးသား Mi 10 Series , Mi True Wireless Earphones 2 နဲ့ Mi AIoT Router AC2350 တို့ ပါဝင်ပါတယ်။ Mi Robot Vaccum Mop 1C နဲ့ mi TV Stick ကို မေလမှာ ရောင်းနိုင်ပါတယ်။

အဲဒီ စာရင်းမှာ ပါတဲ့ တခြား ထုတ်ကုန်တွေက Mi Smart Standing Fan 1C, Mi Home Security Camera 1080p (Magnetic Mount), Mi Smart Home Hub, Mi Temperature and Humidity Monitor 2 နဲ့ Mi LED Smart Bulb White တို့ ဖြစ်ပြီး သူတို့ကို ဇွန်လမှာ ရောင်းနိုင်ပါတယ်။ Mi Electric Scooter 1S, Mi Electric Scooter Lite, Mi Electric Scooter Pro 2, Mi Smart Standing Fan Pro, Mi Robot Vacuum Mop Essential, Mi Light Sensor FCA HK နဲ့ Mi Portable Photo Printer တို့ကို ဇူလိုင်လမှာ ရောင်းနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: